Broken Promises (귭빈)
[This story contains rude words and mature content.If you are underage don't read this story ]
⋆˙⟡♡
"မောင် ဖိနပ်ကြိုးချည်ပေးပါအုံး "
ဂျူဘင်းလက်ကိုဆွဲပြီး ခြေထောက်လေးတဖက်ကို မြှောက်ပြလာသော တစုံတဘင်းကြောင့် ဂယူဘင်းကသက်ပြင်းတချက်ကိုဟူးခနဲကြိတ်ချမိသည်။ လက်ထဲက ကားသော့နဲ့လွယ်အိတ်ကို ဘေးကစင်လေးပေါ်တင်လိုက်ရင်း ဟန်ဘင်းရှေ့ကိုဒူးထောက်ချရ၏။
ဖိနပ်ကြိုးချည်ပေးဖို့အကြောင်းပြချက်ဖြင့်။
"မောင်လို့ မခေါ်ပါနဲ့တော့လား "
"ဟင်"
"မောင် ဆိုတာနဲ့နောက်မှာ အခိုင်းစကားက ကပ်ပါလာပြီကွာ မောင့်ရုပ်ကိုလည်းကြည့်ပါအုံး အခိုင်းခံရလို့ပျော်မွေ့နေတဲ့ရုပ်လည်း မဟုတ် "
"မောင် ငါ့ကိုယူထားတာပဲ လုပ်ပေးပေါ့...အခုကြည့်လေ ငါမင်းကြောင့် လေးပင်နေတာလှုပ်မရ ကုန်းမရ ငါ့မှာအခုမှပဲမင်းကိုဒီလိုအကူအညီတောင်းရဲတာပါ ငါ့အမြဲတမ်းမင်းမျက်နှာပဲကြည့်ပြီး နေခဲ့ရ...ရ"
"ကဲပါ....လာပြန်ပြီ drama ခင်းပြန်ပြီ...ဒီကောင့်စောက်ပြစ်ဟုတ်ပြီလား "
တဖြေးဖြေး သနားစရာလေသံလေးကိုသွေးယူနေပြီဖြစ်ရာ မသိရင်ဒီကောင်ကပဲမာရေကြောရေတွေပြောဆို ဆက်ဆံနေသလိုမျိုး။ အသံကြီးပဲကြားရင် အဲ့သလိုထင်ကောင်းထင်နိုင်ပေမယ့် အမြင်မှာတော့ ဒူးထောက်ထိုင်နေရသူက ဒီကောင်သာ။
ပြေနေတဲ့ ကြိုးလေးကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်ချည်နေချိန်မှာ သူ့ခေါင်းကိုထိတွေ့လာတဲ့လက်ကလေးတဖက်။ ဆတ်ခနဲပြန်မော့ကြည့်တော့ ဟီးခနဲရယ်ပြလာပြန်ပါသည်။ တခါလောက်လေး လက်ထပ်ရဖို့အရေး နေ့ညရွေ့ရာကနေ အခုဆို အမြွှာနှစ်ကောင် ဥထဲက ပေါက်မှ လက်ထပ်မှာပါတဲ့။ ဆောင်းဟန်ဘင်းရဲ့ အတွေးကိုတော့ သူလိုက်မမှီနိုင်ခဲ့ပါ။
"ဟန်ဘင်း မောင့်ဆံပင်ကိုမကိုင်နဲ့လေ ပြီးကျခင်ဗျားတို့ကို အိမ်ပြန်ပို့ပြီးမောင်ကအလုပ်ဆက်သွားရမှာ ဂိုဏ်းကိုသွားဖို့လည်းကျန်သေးတယ် တယ်လီယာခွေးတွေလိုအမွှေးပွနေတာမျိုးဖြစ်သွားရင်မကောင်းဘူးလေ "