Chapter - 15

641 77 36
                                    

Broken Promises (귭빈)

[This story contains rude words and mature content.If you are underage don't read this story ]

⋆˙⟡♡

"ဂင်မ်ဂျူဘင်း !"

"ဂျာ...ဒယ်ဒီ "

"သွား ဟိုဘက်ဒေါင့်သွားထိုင် "

"ထိုင်ဘူး...ဟင့်အင်း..."

"ကြားမှာလိုက်မဝင်နဲ့လေ သွား ဒေါင့်မှာသွားထိုင်! ယွန်းနာ ဒေါင့်ကိုချီပြီး ရွေ့လိုက်"

"အဟင့်...ရွှေ့ဘူး...ဒယ်ဒီနဲ့ ထိုင်ချင်...ဟင့်....ဒယ်ဒီ "

"ငါ ဇွန်းနဲ့ ခေါက်ထည့်လိုက်ရ !"

"မ...မလုပ်ပါနဲ့ ဂယူဘင်းရယ် "

လက်ထဲက ကော်ဖီမွှေတဲ့ ဇွန်းပါးလေးနဲ့ ခေါက်ဖို့ရွယ်လိုက်ပေမယ့် ဘယ်ကမှန်းမသိ ကြားဝင်လာတဲ့လက်လေးတဖက်။

ပြီးတော့ သွက်လက်စွာနဲ့ သူ့လက်ထဲကဇွန်းကိုလုယူသည်။ အဖြူရောင်စွပ်စွပ် ချည်ထိုး cardigan လေးဝတ်ထားပြီး အောက်ကဘောင်းဘီဒူးဖုံးရုံလောက်သာဝတ်ထားသည်ကိုမြင်တော့ စောက်ကလေးလေးကြောင့် မကြည်လင်တဲ့စိတ်ဟာ နှစ်ဆတိုး၏။

"ဂျူဘင်းက ဒီမှာထိုင်ချင်တာလား...မငိုနဲ့ ပါပါးကို ကောင်းကောင်းဖြေ "

"ဟုတ်ယယ် ဟုတ်ယယ် "

"လူကြီးက မေးရင် ဟုတ်ကဲ့လို့ဖြေရတယ်ကွ ဟုတ်တယ်ဆိုတာက ရိုင်းတယ်"

"ဒယ်ဒီကြောတယ်ယေ ပါပါးကို "

မပီမသအသံနဲ့တောင် သူ့ကိုဘလိမ်းနေတဲ့ စောက်ကလေးအား မျက်လုံးပြူးအံ့ကြိတ်ပြတော့ အင့်ခနဲမျက်နှာမဲ့ပြီး သူ့လူကို အတင်းခွတက်တော့သည်။ သူက ဟုတ်တယ်လို့ပြောလို့ လိုက်ပြောတယ်ဆိိုတဲ့ အဓိပ္ပာယ်။

ပြောနဲ့ ကြောတောင် မပီမသဖြစ်နေတာ သူ့ကို ခြေရာလိုက်တိုင်းနေတဲ့ ကလေးစုတ် !

"မင်းကိုကိုကြီးက အဲ့လိုပဲလေ သိရက်နဲ့ ! သူများရိုင်းတိုင်းလိုက်မရိုင်းရဘူးလေ သားရဲ့ "

အောင်မယ် အခု သူ့ကို ဆောင်းဟန်ဘင်းကပါ တကွက်ထည့်သွားတာပဲ။ သက်ပြင်းရှည်တချက်ချလိုက်ရင်း....

"ခင်ဗျားတို့သားဖ...ပါးစပ်နှစ်ပေါက်လုံးမပိတ်ရင် မျက်နှာကျက်မှာဇောက်ထိုးဆွဲပြီး ချိတ်ထားမှာနော် !"

𝘽𝙧𝙤𝙠𝙚𝙣 𝙋𝙧𝙤𝙢𝙞𝙨𝙚𝙨 (귭빈) Where stories live. Discover now