Chapter - 24

664 80 9
                                    

Broken Promises (귭빈)

[This story contains rude words and mature content.If you are underage don't read this story ]

⋆˙⟡♡

"ရည်ရွယ်ချက်က ဘာလဲ "

"ဟား...ဂင်မ်ဂယူဘင်းတို့လည်လှပြီထင်တာ တုံးနေတာပဲကိုး..."

ခေါင်းမော့ဟားတိုက်ရယ်ပြစ်လိုက်ရင်း ဂွန်းနုက ဆံပင်တွေကိုဟန်ပါပါသပ်တင်ပြစ်တယ်။ ကိုက်ညီတဲ့ဆက်ဆံရေးမျိုးမဟုတ်သည့်တိုင်အောင် သူနဲ့ဂယူဘင်းကအခုလိုမျိုး cafe တခုမှာ မျက်နှာခြင်းဆိုင်ပြီးအတူရှိနေစရာ မလိုအပ်။ စကားဖောင်ဖွဲ့ပြောစရာကို မလိုအပ်။

"ချစ်လို့လေ...မင်းလည်းပဲလက်ရှိမှာချစ်တတ်နေတာပဲဟာ လောဘအကြောင်းကိုကောင်းကောင်းကြီးနားလည်တယ်မလား "

"တော်ရာ တန်ရာပေါ့ !"

တည်တံ့နေတဲ့မျက်နှာဘေးဖြင့် မိမိမျက်နှာခြင်းဆိုင်မှ ပြိုင်ဖက် Alpha ရဲ့ သုံးသပ်ချက်ဟာ တိုတိုတုတ်တုတ်စကားပေမယ့် အရှိုက်တည့်တည့်ထိမှန်ပါတယ်။ ကန်ချက်ပြင်းသည်ဟု ယူဆဖို့ဖြစ်နိုင်လောက်တယ်လေ။

"မင်းကပိုပြီးမတန်တာမဟုတ်ဘူးလား...အစ်ကို့ကို နှစ်တွေချီပြီး ဒုက္ခပေးခဲ့တာတော်သင့်ပြီလေ ငါက အစ်ကို့ကိုအနစ်နာခံပြီးချစ်တာ ဂယူဘင်း...မင်းလို အနိုင်ယူချင်စိတ်နဲ့ မဟုတ်ဘူး "

"ဒါဆို ငါ့လူကို မင်းဘက်ပါအောင်ခေါ်ကြည့်လေ....ဆောင်းဟန်ဘင်းသာ မင်းနောက်ကိုကောက်ကောက်ပါအောင်လိုက်ခဲ့ရင် ငါ့အရှုံးလို့သတ်မှတ်လည်း ငြိမ်ခံပေးမယ်။ ဒါပေမယ့် မင်းတခုသိထားရမှာက ဟန်ဘင်းကငါမှမဟုတ်ရင် မရဘူး ပတ်ဂွန်းနု "

ပွဲမစခင်ထဲက ရှုံးခဲ့တဲ့သူဟာ အခုလည်းရှုံးနေဆဲ။ ချစ်တာတခုထဲကိုမြင်ပြီး အခုလို မုသားတွေသုံးပြစ်ရသည်အထိကို အရှုပ်အထွေးထဲတိုးဝင်ခဲ့တဲ့ သူ့ရဲ့ရလဒ်ဟာ မူလကနဲ့ဘာမှမထူးခြား။ အစ်ကို့ရွေးခြယ်မှုက သူမဟုတ်မှန်း ၁၀၀ ရာခိုင်နှုန်းကျိန်းသေနေသည်က မွေးမလာသေးသည့်အမြွှာလေးတွေပင်။

တနည်းအားဖြင့်ဆိုရရင်တော့ သူက အစ်ကို့အတွက်အနီးကပ်ရန်သူဖြစ်နေလောက်ပါတယ်။ အစ်ကိုနဲ့ ဂယူဘင်းကြားကိုအမျိုးစုံဝင်နှောက်ခဲ့ပြီးအပြစ်မရှိသလို အေးဆေးလေးရှင်သန်နေနိုင်တဲ့ အနီးကပ်ရန်သူပါပဲ။

𝘽𝙧𝙤𝙠𝙚𝙣 𝙋𝙧𝙤𝙢𝙞𝙨𝙚𝙨 (귭빈) Where stories live. Discover now