Chapter - 8

643 83 45
                                    

Broken Promises (귭빈)

Chapter - 8

[This story contains rude words and mature content.If you are underage don't read this story ]

⋆˙⟡♡

"အယ် အိမ်ထောင်ကျသွားတယ်လည်း မကြားမိပါဘူး မဟုတ်မှလွဲရော Alpha က ပြစ်သွားတာလားဟင် "

လက်ထဲက တူကိုကျစ်နေအောင်ဆုပ်ကိုင်လိုက်မိသည်။ ဂျူဘင်းကို ခေါက်ဆွဲခွံ့နေရင်း အသားလွတ်စော်ကားခံလာရတဲ့အခါ ဟန်ဘင်းအတွက်ပြန်ပြောဖို့စကားမဲ့တယ်။ အဓိကအကြောင်းပြချက်ကတော့ တခုခုပြောခါနီးတိုင်းဂယူဘင်းရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်တတ်တဲ့ အကျင့်လေးကြောင့်သာ။

ဘေးမှာထိုင်နေတဲ့ကောင်က သူ့ကို မှင်သေသေကြည့်နေပြီး အာရီနာ့ကိုဘာမှပြန်မပြောဖို့မျက်နှာရိပ်ပြသည်မို့ ဟန်ဘင်းငြိမ်နေလိုက်ရသည်။ တကယ်ကို အိမ်ပေါ်ထိတက်ပြီး အိမ်ရှင်ကို စော်ကားနေတာပဲ။

"အာရီနာက ဘယ်လိုထင်လို့လဲ..."

"နည်းနည်းတောင်သနားမိသွားတယ် ဂင်မ်ရဲ့ mate alpha က ပြစ်တာခံရတယ်ဆိုထဲကလေ omega ထဲမှာ သိပ်ကိုနိမ့်ကျနေပြီ သိရဲ့လား....ဂင်မ်က သဘောထားပြည့်ဝတဲ့လူဆိုတော့ တာဝန်ယူပေးချင်စိတ်တွေဖြစ်မနေနဲ့အုံးနော် ခစ်ခစ် "

"ငါ့မှာ mate မရှိဘူး မင်းစကားပြော ဆင်ခြင်ပေးပါအာရီနာ "

"ဆောင်းဟန်ဘင်း ! ဧည့်သည်မိန်းကလေးကို မစော်ကားနဲ့ သူပြောတာမှန်နေလို့ ခင်ဗျားကနာနေတာလား "

အနာပေါ် တုတ်ကျရင်တောင် ဒီလောက်ထိခံရခက်နေမည်မဟုတ်။ ဟန်ဘင်းဟာ အသွေးနဲ့အသားနဲ့ပဲတည်ဆောက်ထားတဲ့လူဖြစ်ရာ အိမ်ပေါ်ထိတက်ပြီးစော်ကားနေတာမျိုးက အဆင်မပြေပေ။ ဂယူဘင်းဘက်က သူမကိုကာကွယ်ပြောနေသည်က ပို၍အဆင်မပြေ။

"ရပါတယ် ဂင်မ်ရဲ့ တို့ကဂင်မ့်လိုပဲသဘောထားပြည့်ဝတယ်လေ ဒီလိုမျိုး နိမ့်ကျတဲ့တချို့ တချို့လူတွေကို ဦးနှောက်ထဲတောင်မထည့်ဘူး "

"...."

"တို့က ဂင်မ့်ကို ချစ်လို့ ၊ မြတ်နိုးလို့ ထမင်းစားလာလည်တာလေ "

"မသိပါဘူး မင်းတို့အိမ်မှာ ညစာမရှိဘူးထင်လို့ "

"ဆောင်းဟန်ဘင်း !"

𝘽𝙧𝙤𝙠𝙚𝙣 𝙋𝙧𝙤𝙢𝙞𝙨𝙚𝙨 (귭빈) Where stories live. Discover now