ပြည့်တန်ဆာ

956 97 23
                                    


✨Part 12✨

ဂျိမ်း!!!!

မိုးများအသဲအသန်ရွာနေသည့်အချိန် လျှပ်စီများလည်း တစ်ချက်တစ်ချက်လပ်နေသည်

ဆော့ဂျင် မိုးရွာတာကိုမကြိုက်ဘူး မေမေထားခဲ့တဲ့အချိန်မို့လို့

အရင်ကဆို မိုးရွာရင် အေးစိမ့်စိမ့်နဲ့ စောင်ခြုံကွေးပြီး အိမ်ရတာလေးကို ကြိုက်တယ် ညဘက်ရွာရင်ပိုတောင်ကြိုက်သေးတယ်

အခုတော့ မိုးရွာနေပေမယ့် သူမအိပ်ချင်နေဘူး မျက်စိသေနဲ့သာ ရောက်တတ်ရာရာစိုက်ကြည့်နေမိသည်

တီ~~~

ကားသံ

ဒါဆိုဟိုလူပြန်လာပြီထင်တယ်

ဆော့ဂျင် အခန်းရဲ့ဝရန်တာဘက်သို့ ထွက်လာလိုက်သည် ခြံထဲသို့ လှမ်းကြည့်လိုက်သည်

ဟိုလူရဲ့ကားလေးက ခြံထဲသို့ ဝင်လာသည် ကားတံခါးက ပွင့်လာကာ ဟိုလူက အသည်းအသန် တစ်ဖက်ခြမ်းက ကားဘက်ဆီကို ပြေးသွားပြီး ကားတံခါးကိုဖွင့်လိုက်သည် ကားပေါ်က ဆင်းလာသူက တခြားတော့မဟုတ် ထိုသူရဲ့ ချစ်သူဆိုသူထို့နောက် သူ့ရဲ့coatအားချွတ်ကာ ဆင်းလာတဲ့ သူ့ချစ်သူအပေါ်မှမိုးပေး၍ အိမ်ထဲအပြေးဝင်သွားသည်

ဆော့ဂျင် ထိုနေရာပဲဆက်ရပ်နေမိသည် သူတို့ ဘဝတွေက ကောင်းလိုက်တာ ပိုက်ဆံရှိတဲ့ မိဘတွေဆီမှာ မွေးဖွားလာပြီး ချစ်ပေးတာလည်းခံရတယ် သူ့ဘဝနဲ့တော့ သက်သက်စီ~~

"ထယ် အခန်းထဲသွားပြီး ကိုယ့်အင်္ကျီတစ်ထည် ယူဝတ်ထားလိုက် ခေါင်းလည်း နည်းနည်းစိုသွားတယ် သုတ်လိုက်ဦး"

"ဂျွန်က ဘယ်သွားမှာမို့လို့လဲ"

"သွားပါ ကိုယ်ပြီးရင်  လိုက်လာခဲ့မှာမို့အခန်းထဲသွားတော့"

"အာ့ဆိုလည်း မြန်မြန်လာခဲ့ဦး"

"အင်းပါ သွား"

ဂျောင်ကု ထယ်ယောင်းအခန်းထဲ ဝင်သွားသည်ထိ ကြည့်ပြီးမှ လှေကားဟိုဘက်အခြမ်းကအခန်းစီ လျှောက်လာခဲ့သည်

"ဒေါက် ဒေါက်"

"ကင်မ်ဆော့ဂျင်"

"ဒေါက် ဒေါက် ဒေါက်"

ပြည့်တန်ဆာWhere stories live. Discover now