Part 18✨"ကဲ အဆင်သင့်ဖြစ်ပါပြီခင်ဗျ"
ဂျောင်မင်းက ထမင်းစားပွဲပေါ်သို့ ဆော့ဂျင်နဲ့အတူပြင်ပေးပြီး ဝင်ထိုင်လာသည်
"ခင်ဗျား!"
ဆော့ဂျင် ထိုင်ဖို့ပြင်တုန်း ဂျောင်ကုခေါ်သံကြောင့် တန့်သွားရသည်
"ဘာလုပ်ဖို့ထိုင်မှာလဲ"
"ကျုပ်တို့စားပြီးမှ ခင်ဗျားဘာသာစားချင်ရင်စား အတူစားဖို့တော့
မစဥ်းစားနဲ့ ကျုပ်တို့စားလို့ပြီးရင် သိမ်းဖို့စောင့်နေ""အစ်ကို!!!ဘယ်လိုပြောလိုက်တာလည်း အစ်ကိုဆော့ဂျင်ကလည်း ကျွန်တော်တို့ရဲ့မိသားစုပဲလေ"
"မိသားစုဆိုတာ တစ်သက်လုံးဆက်နွယ်နေမယ့်သူမှ မိသားစုလိို့ခေါ်တာ နောက်ပိုင်းမရှိတော့မဲ့ဆက်ဆံရေးတွေကို ခေါ်လို့မရဘူး"
"အိမ်တော်ထိန်းမင် ဘာရပ်လုပ်နေတာလဲ အတူဝင်ထိုင်စားပါ"
"ဟုတ်ကဲ့"
ဂျောင်မင်း အစ်ကိုဆော့ဂျင်ကိုသနားလို့ ထမင်းစားပွဲပေါ်အာရုံမရောက်နိုင်တော့ အစ်ကိုကလည်း ရုတ်တရက် ထထဖောက်တယ် အစ်ကိုဆော့ဂျင်ကိုဘယ်လောက်ပဲ လက်မခံနိုင်ဘူးပြောပြော အဲ့လိုတော့မလုပ်သင့်ပါဘူး ပြီးတော့ နောက်ပိုင်းမရှိတော့မယ်ဆက်ဆံရေးတဲ့ ဒါဆို အစ်ကိုဆော့ဂျင်ပြောသလိုမျိုး တစ်နှစ်ပြည့်ရင် ကွာမယ်ဆိုတာအမှန်ပေါ့ အစကတော့ အစ်ကိုက အစ်ကိုဆော့ဂျင်အပေါ်နည်းနည်းတော့ စိတ်ရှိမယ်ထင်ထားတာ ဒါပေမယ့် အခုကြည့်ရတာတော့ အဲ့လိုမဟုတ်ဘူးထင်တယ် ဒါဆို သူ့အတွက်အခွင့်အရေးရှိနေပြီလား အစ်ကိုသာ အစ်ကိုဆော့ဂျင်အပေါ် တကယ်စိတ်မဝင်စားတာဆိုရင် သေချာပေါက် သူ့မှာ ကြိုးစားခွင့်ရှိတာပေါ့
အစ်ကိုဆော့ဂျင်ကို သူစစတွေ့ချင်းတည်းက စိတ်ဝင်စားခဲ့တာ
အစကတော့ အစ်ကိုဆော့ဂျင်က ကြွေရုပ်လေးလိုလှလို့ စိတ်ဝင်စားရုံပဲထင်ခဲ့တာ ဒါပေမယ့် အစ်ကိုဆော့ဂျင်ကိုတွေ့ပြီးနောက်ပိုင်း ဘယ်မိန်းကလေးကိုမှ လှတယ်မထင်တော့ဘူး အပျော်သွားနေတဲ့ ကလပ်တွေ ကပွဲရုံတွေသွားတော့လည်း မိန်းကလေးတွေ အနားလာကပ်ပေမယ့် အစ်ကိုဆော့ဂျင်ကိုပဲ မြင်ယောင်နေတယ် ပြီးတော့ အစ်ကိုဆော့ဂျင်ရဲ့အပြုအမူတွေက လုပ်ယူစရာအလိုဘဲ ချစ်စရာကောင်းနေတော့တာ အစ်ကိုဆော့ဂျင်ကို ပိုင်ဆိုင်ချင်တယ် အစ်ကိုဆော့ဂျင်ရဲ့အချစ်ကိုလည်း လိုချင်တယ် ဒါပေမယ့် အစ်ကိုက လက်ဦးသွားခဲ့တာ ပထမဆုံးတွေ့ခွင့်ရခဲ့တာ အစ်ကိုဖြစ်သွားခဲ့တာ သူသာ အစ်ကိုဆော့ဂျင်ကို အရင်တွေ့ခဲ့ရင်
YOU ARE READING
ပြည့်တန်ဆာ
Fanfictionကျွန်တော့်ကို ဘာလို့မချစ်တာလဲဟင်~ တန်ဖိုးမရှိတဲ့အရာတွေကို တန်ဖိုးမထားသလို ချစ်လည်း မချစ်တတ်ဘူး... ဒါဆို ကျွန်တော့်ကို~~ ရွံတယ်....