Part 14"တောက်!!!"
ရုံးခန်းစားပွဲခုံပေါ်၏ တစ်ဖက်တစ်ချက်စီမှာ စာရွက်စာတမ်းများနဲ့ လုပ်စရာများနေပေမယ့် အာရုံကစုစည်းလို့မရ
"စောက်ရေးမပါတာ တောက်!!!"
"အချိန်တွေအဲ့လောက်ပိုနေလို့
ရေကူးသင်ချင်နေရတာလား အိမ်မှာလုပ်စရာကအဲ့လောက်မရှိတာလား""ဒေါက် ဒေါက်"
"ကျစ်!ဝင်ခဲ့!!!"
"ဘာတွေဒေါသဖြစ်နေတာလဲ ဂျွန်"
"ထယ်"
"အင်း ရုံးဆင်းချိန်ရောက်နေပြီလေ ဂျွန်နဲ့ ညစာတူတူသွားစားရအောင် လာခဲ့တာ"
"ကိုယ်အလုပ်တွေကျန်သေးတယ်"
"ထယ်နဲ့ညစာစားရအောင်လေ ဒီစာရွက်စာတမ်းတွေက အိမ်ယူသွားပြီး ဆက်လုပ်ရင်ရတာပဲ ပြီးတော့ ထယ်က နောက်နေ့ဆို ဂျွန့်ဆီ လာချင်တိုင်းလာလို့ရမှာမဟုတ်တော့ဘူး"
"ဘယ်လို"
"အင်း လန်ဒန်က ရုံးခွဲမှာ ပြဿနာပေါ်လို့တဲ့ အဲ့ဒါ ထယ်သွားစီမံရမှာ ဘယ်လောက်ကြာမလဲမသိဘူး"
"ပြဿနာက တော်တော်ကြီးလား ထယ် ဘယ်နေရာက ဖြစ်တာလဲ"
"အကြောင်းပြချက်လေ ပြဿနာကအဲ့လောက်မဟုတ်ဘူး ဒယ်ဒီက အဲ့ရုံးခွဲမှာ သွားစီမံဖို့ လွှတ်နေတာကြာပြီ ထယ်က ငြင်းငြင်းနေလို့ အခုတလော ဒယ်ဒီက သိပ်နေမကောင်းဘူး အဲ့ဒါနဲ့ပဲ သူ့ကိုယ်စားသွားပေးပါတဲ့လေ ဒါနဲ့ဂျွန် စာရွက်စာတမ်းတွေက တောတော်များတာပဲ တစ်ညလုံးမအိပ်ဘဲ လုပ်ရင်တောင် ပြီးပါ့မလား"
"ဟုတ်သားပဲ!!!!"
"ထယ်ပြောတာမှန်တယ် ဒါတွေက တစ်ညလုံးလုပ်ရင်တောင်ပြီးချင်မှပြီးမှာ"
"ဂျွန်ကဘာလဲ မအိပ်ဘဲနဲ့ နေမလို့လား အဲ့လိုတော့မလုပ်နဲ့လေ အဲ့လောက်ထိ အလျင်လိုစရာမလိုဘူးမလား"
"မဟုတ်ဘူး ဒီတိုင်း...
ထားပါ ထယ် ကိုယ်နဲ့ ညစာစားမလို့မလား ဘယ်မှာစားမလဲ""ဂျွန်ရွေးလိုက်လေ"
"ဟုတ်ပြီ ခဏ"
"ဘာလဲအဲ့ဒါတွေအကုန်ယူသွားမလို့လား ဂျွန်တော့ တကယ်မအိပ်ဘဲ အလုပ်လုပ်မလို့လား"
YOU ARE READING
ပြည့်တန်ဆာ
Hayran Kurguကျွန်တော့်ကို ဘာလို့မချစ်တာလဲဟင်~ တန်ဖိုးမရှိတဲ့အရာတွေကို တန်ဖိုးမထားသလို ချစ်လည်း မချစ်တတ်ဘူး... ဒါဆို ကျွန်တော့်ကို~~ ရွံတယ်....