"ဆွန်းဂွမ် ဆွန်းဂွမ် ဟိုမှာ မင်းလူလာနေပြီ။"
မင်ဂယူပြောစကားကြောင့် ဆွန်းဂွမ်စားနေလက်စကို ရပ်ကာ မျက်လုံးဝှေ့ကြည့်လိုက်တော့ သူ့ဆီတည့်တည့် လျှောက်လာသည့်လူ။ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင်မှာပင် စားပွဲအောက်သို့ ရောက်နေခဲ့သည်။
'ဆွန်းဂွမ်ရား သူမင်းကို မြင်ပြီးပြီလေကွာ။' စိတ်ထဲကနေညည်းတွားလို့ မပြီးသေးခင်။
"အချစ်ရေ"ဆိုတဲ့ အသံက ဘေးကဝိုင်းတွေထိ ကြားရလောက်သည်အထိ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
'တကယ်ကြီးလား။ တကယ်ကြီး ကန်တင်းမှာ အချစ်ရေဆိုတာကြီးကို ခေါ်လိုက်တာလား။'
ဆွန်းဂွမ်တစ်ယောက် တွေးလျက်ပင် သူ့မျက်နှာသူ လက်နှင့် အုပ်ကာ ထိုလူကမ်းပေးသည့် လက်အား ကျန်လက်တစ်ဖက်နှင့် ဆွဲပြီး စားပွဲအောက်မှ ထွက်လာခဲ့သည်။
ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည့် လူတွေကို မမြင်တာလား ဂရုမစိုက်တာလား မသိပါ။ ရှေ့မှာရှိသည့် ဆွန်းဂွမ်ဆီကိုသာ သူ့အကြည့်တွေက မခွာပေ။ ကွေးတက်နေတဲ့ နှုတ်ခမ်းတွေဟာလည်း ဆွန်းဂွမ်နှင့် တွေ့တိုင်း မညောင်းမညာ ပုံစံမပျက်။
ဆွန်းဂွမ်တစ်ယောက် ရှက်စိတ်နှင့် မျက်စောင်းထိုးလိုက်တော့ ပို၍ပင် ကွေးတက်သွားသည့် ထိုလူ့၏ နှုတ်ခမ်းတွေ။ ထိုင်ခုံမှာထိုင်ကာ သူတို့နှစ်ယောက်ကို ကြည့်နေသည့် ကင်မင်ဂယူကတော့ ခေါင်းတခါခါနှင့် ထထွက်သွားတော့မည် ပြင်သောကြောင့်
ဆွန်းဂွမ်လိုက်ရန် လုပ်တော့ လက်မလွှတ်ပေးတဲ့သူ။ သူ့ကို အတန်းတက်ခွင့် မပေးတော့ဘူးထင်သည်။"အတန်းတက်ရတော့မယ်။ နောက်နေ့ နောက်နေ့မှ လာခဲ့တော့နော်။"ဆိုကာ လက်ဆွဲဖြုတ်တော့ လွှတ်ပေးလာတာနှင့် ဆွန်းဂွမ် မင်ဂယူနှင့်အတူ ပြေးထွက်လာခဲ့သည်။
"ဟေ့ကောင် သူကမင်းကို အခုထိ မငြီးငွေ့သေးဘူးလား။"ပြေးနေရင်းနှင့် မေးလာသည့် မင်ဂယူ့အမေးကို "အေး"တစ်လုံးတည်းသာ ပြန်ဖြေလိုက်သည်။
"မင်းလိုကောင်ကို ဘာကြည့်ကြိုက်တာလဲ မသိဘူး။"ဆိုသည့် ခပ်တိုးတိုးစကားကို ကြားလိုက်သော်လည်း မကြားချင်ယောင်သာ ဆောင်လိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ ဆွန်းဂွမ်မှာ ဒီလို တမ်းတမ်းစွဲ ကြိုက်စရာ အချက် မရှိပါပဲ။
YOU ARE READING
Young Love
Fanfiction"ချစ်တယ် ကိုယ့်ကလေးလေး။" "ကျွန်တော်လည်း ဆွန်းယောင်းကို ချစ်တယ်။" Seventeen SoonBoo Fanfic Myanmar