ဆွန်းဂွမ်တစ်ယောက် ဆွန်းယောင်းနှင့်တွေ့ရန် ကန်တင်းမှာ ချိန်းထားသည်။ မင်ဂယူက ဒီနေ့ ကိစ္စရှိတာကြောင့် ကန်တင်းမလာသောကြောင့် ဆွန်းဂွမ်တစ်ယောက်တည်း စောင့်နေရတာပင်။ ခဏကြာတော့ ရောက်လာသည့် ဆွန်းယောင်းက သူ့ဘေးမှာ ဝင်ထိုင်ပြီး ဆွန်းဂွမ်ဘာပြောမလဲကို စောင့်နေသည်။
"ဟို နောက်ဆုံးအတန်းဆင်းရင် အိမ်လိုက်ခဲ့မလားဟင်။"
"ဟင် အိမ်ကို။"
ဆွန်းဂွမ်စကားကို အံ့ဩသလိုနှင့် ပြန်မေးလာသောသူ။ ဆွန်းဂွမ်က အိမ်ခေါ်ရန် မပြောနှင့် အိမ်ရှေ့ထိတောင် မနေ့ကတစ်ခါပဲ ပို့ခိုင်းဖူးတာပင်။ ကျန်သည့်နေ့တွေမှာ အိမ်မရောက်ခင် လမ်းမှာပဲ ချန်ခဲ့ရသည်။
အခုလည်း ဆွန်းဂွမ်ခေါ်ချင်၍ မဟုတ်ပါ။ မနေ့က ဆွန်းဂွမ်တို့ကို မြင်သွားတဲ့ အဖေက ခေါ်ခိုင်းတာကြောင့်ပင်။ နဖူးကို နမ်းလိုက်တာကိုပါ မြင်လိုက်တာကြောင့် ငြင်းမရ၍ ရည်းစားပါဟု ဝန်ခံလိုက်တော့ အိမ်ခေါ်လာခဲ့ဟူ၍ တစ်ခွန်းပဲ ပြောပြီး ထွက်သွားသော အဖေ့ကြောင့် ဆွန်းဂွမ်မတတ်နိုင်ပဲ ခေါ်ရတာ။
"အင်း အိမ်ကို။ လိုက်ခဲ့မယ်မလား။"
"ဆွန်းဂွမ်နီးက ခေါ်ရင် လိုက်ရမှာပေါ့။"
အပြုံးလေးနှင့် ပြောလာတာကြောင့် ဆွန်းဂွမ်စိတ်အေးသွားသည်။ မလိုက်ဘူးဟု ငြင်းလိုက်လျှင် အဖေ့ကို ဘာပြောရမည်မှန်း သူမသိ။
"အဲ့တာဆို အတန်းဆင်းရင် ပြန်တွေ့ကြတာပေါ့နော်။"
အတန်းဆင်းတော့ အရှေ့မှာစောင့်နေသည့်
ဆွန်းယောင်းကို တွေ့လိုက်ရတော့ ဆွန်းဂွမ်အနားသွားလိုက်သည်။ ထုံးစံအတိုင်း
အိတ်ကို လက်လွှဲယူတာကြောင့် ပေးလိုက်သည်။"ဒါနဲ့ အိမ်ကို ဘာလို့ခေါ်တာလဲ။ ဘာလဲ။
ဒီနေ့ အိမ်မှာ ဘယ်သူမှ မရှိဘူးလား။ ဟင်။"အကြည့်ချင်းစုံအောင် လိုက်ကြည့်ပြီး
ပြောသည့်စကားကြောင့် ဆွန်းဂွမ်မျက်စောင်းထိုးလိုက်ရသည်။ ဒီလူဘာတွေ တွေးနေလဲမသိ။"မဟုတ်ပါဘူးနော်။ မနေ့က စီနီယာအိမ်ပြန်လိုက်ပို့တာကို အဖေကမြင်သွားတယ်။ အကုန်မြင်သွားတာမို့ တွဲနေတာကိုပါ
သိသွားတာ။ အဲ့တာကြောင့် အိမ်ခေါ်ခိုင်းတာ။ တွဲတာပထမဆုံးရက်မှာတင် မိသွားတာ။ ကောင်းတာလား မကောင်းတာလားပဲ။"
YOU ARE READING
Young Love
Fanfiction"ချစ်တယ် ကိုယ့်ကလေးလေး။" "ကျွန်တော်လည်း ဆွန်းယောင်းကို ချစ်တယ်။" Seventeen SoonBoo Fanfic Myanmar