ဆွန်းဂွမ်တို့နှစ်ယောက်တွဲတာ ၃လပင်ပြည့်တော့မည်။ တွဲနေသည့် အတောတွင်း မနက်တိုင်း တက္ကသိုလ်အတူသွားရန် လာခေါ်ပြီး ပြန်သည့်အခါလည်း အိမ်အရောက် လိုက်ပို့သည်။ ကျောင်းမှာရှိနေသည့် အချိန်တွေမှာလည်း နှစ်ယောက်လုံး အတန်းမတက်ရရင် ဆွန်းဂွမ်ဘယ်သွားသွား အနား အမြဲကပ်နေပြီး ဆွန်းဂွမ်အတန်းရှိရင်လည်း အတန်းရှေ့မှာ အမြဲစောင့်နေ၍ မင်ဂယူတောင် တော်တော်အမြင်ကပ်နေပြီ။
ဆွန်းဂွမ်လည်း ဒီလိုမျိုး အမြဲကပ်နေတာ သဘောကျတယ်လို့ မဟုတ်သော်လည်း
မကြိုက်ဘူးဟု ပြောလိုက်လျှင်လည်း စိတ်မကောင်းဖြစ်မှာစိုး၍ သည်းခံနေခဲ့တာ ၃လတောင်ရှိလောက်ပြီဖြစ်တာကြောင့်
နေသားကျသွားသည်။ တစ်ခါတလေ နောက်ကျနေရင်တောင် ဆွန်းဂွမ်မျှော်နေမိသည်။ဒီအတောအတွင်း အရာအားလုံးဟာ အဆင်ပြေချော့မွေ့နေသည်။ ဆွန်းဂွမ်မိသားစုနှင့်လည်း အဆင်ပြေပြီး တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်တာမျိုးတောင် မရှိဖူးပါ။ သို့သော်လည်း ဆွန်းဂွမ် သူ့စိတ်သူ သေချာမသိသေး။ သဘောကျတာ မှန်သော်လည်း ဆွန်းယောင်းကို သူချစ်လားမချစ်ဘူးလား မပြောတတ်။ ဆွန်းယောင်းက အမြဲ ချစ်တယ်တဖွဖွပြောနေသော်လည်း
ဆွန်းဂွမ်ပြန်မတုံ့ပြန်နိုင်။ ဆွန်းဂွမ် သူ့စိတ်သူ သေချာအောင် ပြန်မေးကြည့်ရန်လုပ်သော် မရေမရာအဖြေသာ ထွက်လာတာကြောင့်
ဆွန်းယောင်းကိုလည်း တိတ်တဆိတ် အားနာနေမိသည်။ သူ့ဘက်က ချစ်ပေးသော်လည်း
ဆွန်းဂွမ်က မရေမရာဖြစ်နေသည်လေ။"ဆွန်းဂွမ်နီး ဘာတွေတွေးနေတာလဲ။"
"အမ် ဘာမှ မတွေးပါဘူး။ ဒီလိုပဲ။"
တွေ့တိုင်း အရိပ်တကြည့်ကြည့်လုပ်နေသော သူက ဆွန်းဂွမ်မှိုင်တွေနေရင်လည်း ဂရုတစိုက်မေးတတ်သေးသည်။
"တစ်ခုခုတွေးနေတာပဲကို။ ဘာပဲဖြစ်ဖြစ်
ကိုယ့်ကိုပြောလို့ရတယ်နော်။"စားပွဲပေါ်တင်ထားသည့်လက်ကို ဆုပ်ကိုင်ပြီးပြောလာတာကြောင့် ဆွန်းဂွမ် ပြုံးပြီးသာ
တုန့်ပြန်လိုက်သည်။ အတန်းတက်ရမှာကြောင့် အိတ်ကိုလွယ်ပြီးထတော့ လိုက်ထသည်။ အတန်းဘက်သွားတော့ အနောက်ကလိုက်လာသည်။ ဆွန်းဂွမ် စကားပြောချင်စိတ်မရှိတာကို သိ၍ ဘာမှမပြောပဲ တိတ်တိတ်လေးသာ။ ဂွမ်ဆွန်းယောင်းက ဒီလိုလည်း အလိုက်သိတတ်ပါသေးသည်။
YOU ARE READING
Young Love
Fanfiction"ချစ်တယ် ကိုယ့်ကလေးလေး။" "ကျွန်တော်လည်း ဆွန်းယောင်းကို ချစ်တယ်။" Seventeen SoonBoo Fanfic Myanmar