(3)

146 31 5
                                    

"ဆွန်းဂွမ် စီနီယာဆွန်းယောင်းကို မတွေ့တာကြာပြီ။ မင်းတို့ တစ်ခုခုဖြစ်ထားကြသေးလား။"

မင်ဂယူ့အမေးကို ဆွန်းဂွမ်ခေါင်းသာခါပြလိုက်သည်။ အဲဒီနေ့ ပြီးကတည်းက ဆွန်းယောင်းကိုမတွေ့မိတာ ဘာကြောင့်လဲမှန်း
ဆွန်းဂွမ်မသိပါ။ မတွေ့ရတာလည်း ကောင်းတာပဲပင်။ သူဆွန်းယောင်းကို မျက်နှာချင်း
မဆိုင်ရဲသေးပါ။

"မင်းတို့ တစ်ခုခု ဖြစ်ထားကြတာ သိသာတာကို။ karaokeသွားပြီးတဲ့နေ့ မနက်တုန်းကလည်း နှစ်ယောက်လုံး အထိုးခံထားရသလို နှုတ်ခမ်းတွေနဲ့။ သေချာပေါက် ရန်ဖြစ်ထားကြတာပဲ ဖြစ်မှာ။"

သူ့အတွေးနှင့်သူတော့ ဟုတ်နေသည့် မင်ဂယူ့အပြောကြောင့် ဆွန်းဂွမ်မျက်နှာတစ်ခုလုံး
နီရဲလာသည်။ မင်ဂယူကတော့ "ပြန်တွေးတာနဲ့တင် ဒေါသထွက်နေတာလား။ မျက်နှာကြီး နီလာပြီ စိတ်လျှော့။ စိတ်လျှော့။"ဟု ပြောနေပြန်သည်။

မင်ဂယူပြောနေတာကြောင့်ပင်
ဆွန်းဂွမ် ရှက်တာတင်မဟုတ်ပဲ ဒေါသပါ ထွက်ချင်လာတာကြောင့် မင်ဂယူ့ကို ထားခဲ့ပြီးသာ ထွက်လာခဲ့ရသည်။

"ဒီကောင် အဲ့လိုပေါက်ကရ
အတွေးတွေနဲ့မလို့ ရည်းစားမရတာ။"
_____

ဆွန်းယောင်းကို အရိပ်ပင်မတွေ့ရတာ ၁၀ရက်မြောက်နေ့ပင်။ အဲဒီနေ့က ကိစ္စကို ရှက်နေသေးသော်လည်း ဆွန်းဂွမ် သူ့ကို တွေ့ချင်သည်။ မျက်နှာလေးဖြစ်ဖြစ် မြင်ရရင် ကောင်းမှာပဲလို့လည်း တွေးမိသည်။

"စီနီယာဆွန်းယောင်းကို မျှော်နေတာလား။"

"*ျီးကိုမျှော်။"

"ဟိုမှာ ဟိုမှာ စီနီယာ။"

စကားတောင် မဆုံးခင် အလိုလျောက်
မင်ဂယူ့လက်ညှိုးညွှန်ရာကို ခေါင်းလှည့်
ကြည့်မိတော့ အရိပ်ယောင်လေးတောင်မတွေ့။ မင်ဂယူကတော့ တခြားဝိုင်းတွေပါကြားအောင် ဗိုက်နှိပ်ရယ်နေလေသည်။

"မင်း... မရယ်နဲ့တော့ ဟေ့ကောင်။"

"ဟား ဆွန်းဂွမ်တို့ကတော့ ဘာလဲ။ ချစ်မိသွားပြီလား။ အနားမှာ မရှိတော့တဲ့အချိန်မှာ တန်ဖိုးကို သိသွားပါပြီတို့ ဘာတို့။"

Young LoveWhere stories live. Discover now