နောက်နေ့တွေမှာလည်း ဆွန်းယောင်းတစ်ယောက် ပုံမှန်အချိန်လာပြီး ထိုကောင်လေးအထဲ ဝင်သွားပုံကို မြင်တွေ့ခွင့်ရသည်ကြောင့် သဘောကျစိတ်တွေဟာ တဖြည်းဖြည်း ပိုတိုးပွားနေသည်။
ဒီနေ့တော့ ပုံမှန်အချိန်မဟုတ်ပဲ မိနစ်ပိုင်းပိုစောလာပြီး ထိုကောင်လေးကို စကားပြောရန် စောင့်နေသည်။ ခဏနေတော့ အပေါက်ဝကို ခေါင်းငိုက်ကာပါးစပ်က တတွတ်တွတ်ရွတ်ပြီး ရောက်လာတော့ ဆွန်းယောင်းလည်း ကောင်လေးလက်ကို ဆွဲလိုက်မိတော့ ကြောင်အအမျက်လုံးလေးတွေနဲ့ မော့ကြည့်သည်။
"ကိုယ် မင်းအကြောင်းကို ပိုသိချင်တယ်။"
"ဟမ်"
"ဟိုနေ့က ကိုယ်ပြောတယ်လေ။ သဘောကျတယ်လို့။"
"ကျွန်တော်က ခင်ဗျားနောက်နေတယ်ထင်တာ။"
ဘယ်လိုတောင်လဲ။ စိတ်ရင်းနှင့် သေချာပြောခဲ့သည်ကို နောက်နေတယ်ဟု ထင်သည်လား။
"မနောက်ဘူး။ အတည်ပြောတာ။ အဲ့တာကြောင့် မင်းအကြောင်းကို ပိုသိချင်တယ်။ မင်းကို ကိုယ်ဒီနေ့ကစပြီး လိုက်တော့မှာ။"
"ဗျာ"
ထိုနေ့က တက္ကသိုလ်အပေါက်ဝမှာ ကောင်လေးတစ်ယောက်ကို လက်ဆွဲပြီး လေးလေးနက်နက်အကြည့်တွေနှင့် စကားပြောနေသော ကောင်လေးရယ် မျက်လုံးအဝိုင်းသားနှင့် အံ့ဩနေသည့် ကောင်လေးတို့၏ မြင်ကွင်းက အဝေးကကြည့်ရင်တောင် ကြောင်အအနှင့် ရယ်ချင်စရာပင်။
_____ဆွန်းဂွမ်တစ်ယောက် ညအိပ်ခါနီး ဆွန်းယောင်းပေးသည့် Dandelion keychainကို ထုတ်ကြည့်ပြီး ပြုံးနေမိသည်။
"ဘယ်လိုတောင် ချစ်စရာကောင်းတာလေးလဲ။"
အသံခပ်တိုးတိုးနှင့် ပြောသည့်စကားဟာ keychainကို ရည်ညွှန်းတာလား ပေးသောသူကို ရည်ညွှန်းတာလားဆိုတာတော့ ဆွန်းဂွမ်ပဲ သိလိမ့်မည်။
_____"ဆွန်းဂွမ် ဆွန်းဂွမ် ငါတို့ဒီည karaokeသွားကြမလား။"
"ဘာkaraokeလဲ ငါမသွားဘူး။"
လက်ကို ဆွဲပြီး မင်ဂယူပြောလာသော အပြောကို ဆွန်းဂွမ်ငြင်းလိုက်သည်။ သူမသွားချင်တာတော့ မဟုတ်ပါ။ သူမအားတာကြောင့်ပင်။
YOU ARE READING
Young Love
Fanfiction"ချစ်တယ် ကိုယ့်ကလေးလေး။" "ကျွန်တော်လည်း ဆွန်းယောင်းကို ချစ်တယ်။" Seventeen SoonBoo Fanfic Myanmar