Sebongအထက်တန်းကျောင်းရဲ့ ကော်ရစ်တာလမ်းတလျှောက် ကြမ်းတိုက်တုတ်တံကိုကိုင်ရင်း ဟိုဟိုဒီဒီပါမကျန် သန့်ရှင်းရေးလုပ်နေသော စီနီယာတန်းကျောင်းသားတဦး...နာမည်က Kim Mingyu...
" ဘာလို့ငါပဲလုပ်နေရတာလဲ...မနက်တိုင်းလည်း ဘာလို့မနိုးရတာလဲ...အာရီဂူး ဘဝကြီးကလည်း အိပ်ရာထနောက်ကျလိုက် ကျောင်းချိန်မမှီလိုက်
ကျောင်းဆင်းချိန်သန့်ရှင်းရေးပြစ်ဒဏ်လုပ်ရလိုက်...
ဒီလိုနဲ့ပဲစီနီယာတန်းကိုဖြတ်သန်းရတော့မယ်ထင်ပါရဲ့ "ပါးစပ်ကသာစိတ်ပျက်လက်ပျက်ညည်းနေမိပေမယ့် လျှောက်လမ်းကိုကြမ်းတော့သေချာတိုက်နေမိတယ်
Mingyu ကိုက ရှင်းလင်းသန့်ပြန့်နေတာကိုကြိုက်တဲ့သူမို့လို့..." အာညော် Mingyu ရား "
ရုတ်တရပ်ပုခုံးကိုလာဖက်တာခံလိုက်ရလို့ သူလန့်ပြီးလှည့်ကြည့်မိတော့ သူ့ထက်တစ်တန်းပိုကြီးတဲ့
ဂွမ်ဆွန်းယောင်း (ခေါ်) ဂွမ်ဟိုရှီ..." ဟာ ဟျောင်းရယ် လန့်လိုက်တာ "
" နောက်မှလန့် ခုသန့်ရှင်းရေးသာဆက်လုပ် တို့ကတော့ကျောင်းဆင်းပြီ "
သူ့ကိုလျှာထုတ်ပြောင်ပြပြီး ပြေးသွားတဲ့ဟိုရှီဟျောင်းက တကယ်အမြင်ကပ်စရာ...
သူများပြစ်ဒဏ်လုပ်ရတာကိုလာလှောင်နေတယ်ပေါ့
နောက်နေ့တွေ့မှရန်တွေ့ပစ်ဦးမယ်...ကျောင်းသားတွေလည်းပြန်ကုန်လို့ ကုန်သလောက်ဖြစ်နေပြီ တချို့စာဆက်လုပ်နေတဲ့ကလေးတွေသာ
နည်းနည်းပါးပါးရှိတော့သည်...
Mingyu သန့်ရှင်းရေးလုပ်ရင်း ပန်းချီအခန်းနားအရောက်မှာ သီချင်းသံတချို့ကြားလိုက်ရတယ်
ဘယ်ကအသံပါလိမ့် သရဲခြောက်တာများလား...
သူဘေးဘီရှာနေတုန်းမှာပဲ ဟနေတဲ့အခန်းတံခါးကိုတွေ့တာကြောင့် သူ့ကိုယ်သူမသိလိုက်ခင်မှာဘဲ အထဲကိုချောင်းကြည့်လိုက်မိတယ်...သံစဥ်နဲ့အတူ ပျော့ပျောင်းတဲ့ကိုယ်ခန္ဓာကို လှပစွာ
ယိမ်းနွဲ့ရင်း music rhythm မှာစီးမျောနေတဲ့ကောင်လေးတယောက်..." ဝါး...လှလိုက်တာ "
ဟင်...ယောကျ်ားလေးတယောက်ကိုကြည့်ပြီး
လှတယ်လို့သူတွေးလိုက်မိတာလား...ချောလိုက်တာလို့တွေးမိရမှာမဟုတ်ဘူးလား...
YOU ARE READING
🌛To The Moon & Back 🌟
FanfictionRed Flag Hao & Green Forest Gyu ရဲ့ RoCom Melo Fan Fiction လေးပါ . Episodeလေးတွေနဲ့သွားမှာမို့ အတူလိုက်ပါခံစားပေးကြပါဦးယောရော်ဘွန်းတို့ရေ 💎.