4☆Sunset & The Sea

415 31 6
                                    

🔞 Warning

          ¤   ¤   ¤   ¤   ¤   ¤   ¤   ¤   ¤   ¤

နေဝင်ခါနီးညနေဆည်းဆာချိန် အဝေးပြေးလမ်းမပေါ်အားကုန်ပြေးလွှားနေတဲ့ ဆိုင်ကယ်တစီးကိုမောင်းနှင်လာတဲ့ လူကောင်ထွားထွားကောင်လေးရယ် ကောင်လေးခါးကိုတင်းနေအောင်ဖက်ထားပြီးဖားလေးတကောင်လိုကပ်ပါလာတဲ့လူချောလေးရယ်
သူတို့၂ယောက်ဦးတည်ရာနေရာက Seoulမြို့အနီးရှိ DaeCheonကမ်းခြေဆီ...

အိမ်မှာဆိုင်ကယ်ဝင်ယူ မိဘတွေကိုMyunghoနဲ့မိတ်ဆက်ပေး စကားနည်းပါးပြောနေရတာနဲ့ ထွက်လာချိန်ကနောက်ကျသွားသည်...
ကမ်းခြေရောက်တော့ ည၇နာရီရှိပြီမို့ Mingyu တို့တွေ့ချင်သည့် နေဝင်ချိန်ကိုမမှီတော့...

" နေတောင်ဝင်ပြီးသွားပြီ ဘယ်လိုလုပ်မလဲ...ကိုယ်လည်းမြန်မြန်မောင်းချင်ပေမယ့် အဝေးပြေးမှာဆိုတော့ ဂရုစိုက်မောင်းနေရလို့ မီယားနဲ Myungho "

" ရပါတယ် နေဝင်တာမကြည့်လိုက်ရပေမယ့် ဆိုင်ကယ်နဲ့လာရတာတော့ စိတ်ကိုတမျိုးလန်းဆန်းသွားစေလို့ ခုပျော်နေတယ် "

ပြောပြောဆိုဆိုနဲ့ Myungho ဖိနပ်ချွတ်ကာ ကလေးတယောက်လို ပင်လယ်ထဲပြေးဆင်းသွားတော့တယ်
ရေနဲ့ထိတွေ့ရင်းအော်ဟစ်ကာ ဟိုဘက်ဒီဘက်ပြေးလွှားဆော့နေတဲ့ ကောင်လေးက Mingyu မျက်လုံးထဲတော့ချစ်ဖို့ကောင်းလွန်းနေတယ်...

" Myungho ရေ ချော်လဲမယ် အဲ့လိုလျှောက်ပြေးမနေရဘူးလေ "

ပြောနေရင်းပဲ ခြေချော်ပြီးလဲမလိုဖြစ်သွားတဲ့ Myungho လက်ကောက်ဝတ်ကိုဖမ်းဆွဲလိုက်တဲ့အချိန် Mingyuရင်ခွင်ထဲ သူ့ကိုယ်လုံးသေးသေးလေးက အလိုလိုရောက်လာသည်...
မျက်နှာချင်းဆိုင်အနေအထားမှာ ခန္ဓာကိုယ်ချင်းလည်းအတော်ကိုနီးကပ်နေပြီမို့ နှစ်ဦးသားရင်ထဲ လှိုင်းလုံးတွေလိမ့်တက်လာသလို ဗလောင်ဆူလျက်..
သူ့မျက်နှာကိုငေးကြည့်နေတဲ့ Myungho ရဲ့အကြည့်တွေဒဏ်ကို မခံစားနိုင်အောင်စိတ်လှုပ်ရှားနေမိတာကပိုဆိုးသည်...

" Mingyu ရား...ငါ့ကိုသဘောကျလား "

သူ့ကိုဦးတည်ပြီးရုတ်တရပ်ရောက်လာတဲ့အမေးကြောင့် ပြာသွားကာ ဘာပြန်ဖြေရမှန်းသေချာမသိ...

🌛To The Moon & Back 🌟Where stories live. Discover now