5☆The Scandal

153 29 2
                                    

" ဒါရိုက်တာကြီး ဒီလိုမျိုးလုပ်တာဘယ်မှာရှိလို့လဲ ကျွန်တော်တို့နဲ့ပြောထားတာဒီလိုဇာတ်ညွှန်းမှမဟုတ်တာ "

" မန်နေဂျာKimရယ် အချစ်သီချင်းကိုပုံဖော်တာ အနမ်းခန်းကတော့ပါမှာပေါ့ "

Myunghoရဲ့albumအသစ်အတွက် music video ရိုက်ကူးရေးမှာ မန်နေဂျာMingyu နဲ့ ဒါရိုက်တာကြီးအီချန်း တို့အချေအတင်ဖြစ်နေကြခြင်းပင်...
Myungho ကတော့ ခုံမှာအေးဆေးထိုင်နားနေပြီး ဘာမှဝင်မပြောဖြစ်ခဲ့ပါ...
Mingyu သူ့ဘာသူသာရှင်းလိမ့်မည်...မင်းသမီးနဲ့နမ်းရမယ်ဆိုလို့ သူ့ထက်ပိုဆွေ့ဆွေ့ခုန်နေတာလည်း Kim Mingyu ကိုယ်တိုင်ပဲလေ...

" အာ့ကြောင့်ကျွန်တော်ပြောတာ ပါးကိုအာဘွားပေးရုံလောက်ပဲဆိုဘယ်လိုလဲလို့ နောက်ပိုင်းလည်းလမ်းခွဲတဲ့အခန်းရိုက်မှာပဲလေ "

" Myungho nimကတောင်ဘာမှမပြောတာ ဘာလို့မန်နေဂျာKimကတအားငြင်းနေရတာလဲဗျာ ကျွန်တော်စိတ်ရှုပ်လာပြီ "

" ကျွန်တော့်idolအကြောင်း ကျွန်တော်သိတယ် သူမပြောလည်း သူ့စိတ်ထဲဘယ်လိုလဲအကုန်ကျွန်တော်သိတယ်ဗျာ ခင်များမသိဘဲနဲ့ဒါရိုက်တာဆိုတိုင်းစွတ်ခိုင်းနေတာပဲ "

" ရား...ဒီကောင်လေးနဲ့တော့ငါသွေးတက်တော့မယ်... ဟေ့ ရှူဆေးဘူးပေးကြစမ်းငါ့ကို "

ဒါရိုက်တာအီချန်းကလည်းမှားသည်...
ရိုက်ကွင်းရောက်မှဇာတ်ညွှန်းပြောင်းပစ်လိုက်တယ်
တကယ်ဆိုNGမထိအောင်ရိုက်ပေးလိုက်ရင် မြန်မြန်ပြီးသွားမှာ မင်းသမီးကလည်းရင်းနှီးနေတဲ့အသိညီမလေး...ဒါပေမယ့်သူ့ရည်းစားကဘယ်လိုမှမရ...
Myungho ဝင်ပါမှဖြစ်တော့မည်...အဟွတ်ဟွတ်...

" အီချန်းဟျောင်း...ကျွန်တော့်ကိုကြည့်ပါဦး "

" ဘာလဲကွာ "

" ကျွန်တော်ပြောပြမယ်ဗျာ အဟွတ်...ဒီသီချင်းကဗျာ လမ်းခွဲပြီးနောက်ပိုင်းခံစားရတာတွေကိုဖော်ပြတဲ့သီချင်း ချစ်ကြည်နူးတာတွေမရိုက်လည်းရတယ်ဗျာ လမ်းခွဲတာကစရိုက်လည်း ကျွန်တော်ကတော့အဆင်ပြေမယ်ထင်တယ်...အား နှာတွေကလည်းစီးတာကွာ "

" အေး အေးပါ မင်း...မင်းနေသိပ်မကောင်းဘူးထင်တယ်နော် Myunghoရား "

🌛To The Moon & Back 🌟Where stories live. Discover now