Part-4

49 4 0
                                    

"သခင်လေးMa"

"အလောတကြီးနဲ့ဘာဖြစ်တာလဲ"

"Ding Chenxinကိုယ်ပူနေလို့"

"အဲ့တာငါနဲ့ဘာဆိုင်လဲ"

"ကိုယ်ကတော်တော်ပူနေတာမျက်နှာကလဲဖြူဖက်ဖြူရောနဲ့"

"ကျစ် သွားကြည့်မယ်"

"ဟုတ်"

ထို့နောက်Ding erကိုဖမ်းထားသောအခန်းထဲသို့လာခဲ့တယ်
Ding erမှာထိုင်ခုံမှာကြိုးနောက်ပြန်ချည်ထားခံရတယ်သွေးစလေးတွေလဲရှိသေးသလိုနေမကောင်းတာကြောင့်ချွေးတွေလဲစီးကျနေတယ်

"တော်တော်ကိုယ်ပူနေတာဘဲ"Ding erနဖူးကိုစမ်းလျှက်

"အခုချက်ချင်းဆရာဝန်ခေါ်လိုက်"

"Aww ဟုတ်အခုခေါ်လိုက်ပါ့မယ်"Ma geရဲ့ညာလက်ရုံးမှပြောလိုက်ခြင်း

ထို့နောက်Ma ge ကိုအရိုအသေပြု၍အခန်းထဲမှထွက်ခွာသွားသည်

Ma geကတော့Ding erကိုကြိုးဖြည်ပေးပြီးခါးကနေမချီလာကာသူ့အခန်းထဲသို့ခေါ်သွားသည်

ခနအကြာ

"Ma geဆရာဝန်ရောက်ပါပြီ"

"Ao ziyi လာ"

"Inn ဒါနဲ့ဘယ်သူနေမကောင်းဖြစ်တာလဲ"

"လူနာကအပေါ်မှာ"

"Aww"

Ao ziyi Ding erကိုစမ်းသပ်ပြီးနောက်

"ဆေးချိတ်ရမယ်"

"ဟမ်း အဲ့လောက်ဆိုးလား"

"အဲ့လိုတော့မဟုတ်ဘူးလေ သူအခုပင်ပန်းပြီးခန္ဓာကိုယ်ကအားမရှိတော့ဘူး အဲ့တာကြောင့်ဆေးချိတ်ခိုင်းတာ"

"Aww မင်းကလဲရှင်းရှင်းလင်းလင်းမပြောဘူး"

Ao ziyiရဲ့အဖေက Ma geတို့အဖေလိုဘဲ ao Companyရဲ့CEOဖြစ်သည် အမှောင်ဘက်ခြမ်းကိုတော့ Ma geတို့ရဲ့အဖေနဲ့သာပူးတွဲလုပ်ကိုင်တာမျိုးရှိသည် Ziyiကတော့companyအလုပ်ကိုစိတ်မဝင်စားဘဲ ဆရာဝန်သာဖြစ်ချင်တာဖြစ်သည်
Ma geနဲ့အသက်တူတူဘဲမို့အတူဆော့တာမျိုးတွေရှိပြီးYaowenကလဲသူ့ညီလိုဖြစ်နေလေပြီ

အထက်တန်းထိတူတူတက်လာကြတဲ့ငယ်သူငယ်ချင်းတွေလဲဖြစ်သည် အထက်တန်းပြီးတော့အမေရိကားမှာဆေးကျောင်းတက်ပြီး အခုတော့Ma geနဲ့Yaowenရဲ့မိသားစုဆရာဝန်ဖြစ်နေပြီး aoziyiကိုအမြဲအလန်းတကြားလုပ်နေတတ်သည်

Desire of love  Where stories live. Discover now