လွန်ခဲ့သော16နှစ်ခန့်က
"ဒီနေ့သူဌေးမိသားစုကသားတို့သမီးတို့အတွက်မုန့်တွေလာကျွေးလိမ့်မယ်"မိဘမဲ့ကျောင်းရှိဆရာမမှကလေးတွေကိုပြောနေခြင်း
"ရေး"
"အကုန်လုံးလိမ်လိမ်မာမာနေရမယ်နော်"
"ဟုတ်"
သိပ်မကြာခင်ကားအမဲကြီးတွေတစ်စီးပြီးတစ်စီးမိဘမဲ့ကျောင်းရှိခြံလေးထဲဝင်လာခဲ့ကြတယ်
"အကုန်လုံးဘဲ ဒီနေ့ကသားတို့သမီးတို့ကိုဒီအကိုကြီးကသူ့ရဲ့8နှစ်ပြည့်မွေးနေ့မို့အခုလိုလာကျွေးတာနော်"
"ဟုတ်"
"အဲ့တော့ဘာပြန်ပြောရမလဲ"
"Happy Birthday ပါ"
"ကျေးဇူးပါ"ဝတ်စုံပြည့်ဝတ်ထားတဲ့ကောင်လေးမှပြန်ပြောလိုက်တယ်
"ကဲ အားလုံးဘဲ ညီညီညာညာတန်းစီမယ်"ကျောင်းရဲ့ခြံဝန်းထဲမှာမုန့်ဝေဖို့တန်းစီနေကြတဲ့ကလေးတွေကိုဆရာမကအော်ပြောလိုက်တယ်
"မုန့်ယူပြီးသွားရင်ဘာပြောရမလဲ"
"ကျေးဇူးတင်ပါတယ် ရှင့်/ခဗျာ"
"ဟုတ်ပြီ"
"ဆရာမ ဒီမှာတစ်ယောက်လိုနေသလိုဘဲ"မွေးနေ့ရှင်ရဲ့အဖေမှပြောလိုက်ခြင်း
"ရှင်"
"ကျွန်တော်တို့မုန့်တွေဝယ်လာတာဆရာမတို့ပြောတဲ့အရေအတွက်တိုင်းဝယ်လာတာဘဲ အခုတစ်ခုပိုနေတယ်"
"အာာာ ဟိုကောင်လေးဘဲဖြစ်မယ်ထင်တယ် သူကရောက်လာတာသိပ်မကြာသေးဘူး ကျန်တဲ့ကလေးတွေနဲ့လဲသိပ်စကားမပြောဘူး"
"Aww ဟုတ်လား"
"ပါးသားဒီခြံထဲလျှောက်ကြည့်လို့ရလား"
"ရတာပေါ့သားရဲ့"ဆရာမကပြောလိုက်တယ်
"အင်းသွားကြည့်ရင်လဲကြည့်လေ အစောင့်တစ်ယောက်တော့ခေါ်သွား
"ဟုတ် ပါပါး"
ဒီလိုနဲ့လမ်းလျှောက်နေရင်ကစားကွင်းကဒန်းပေါ်မှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်တယ်
"Hello"
"Inn"
"မင်းမုန့်လာမယူဘူးလား မင်းလက်ထဲမှာကိုင်ထားတာလဲမတွေ့ဘူး"