အပိုင်း(9)

812 66 3
                                    

မနက်ရောက်တော့ထနှောင်းနိုးနေကျအချိန်နိုးနေတာကြောင့်ဆက်မအိပ်တော့ပဲမနက်စာပြင်ဖို့တွေးပြီးအိပ်ရာကထလိုက်သည်။မနေ့က အမမြရီက ရေချိူးတဲ့နေရာကိုပြထားတာမို့လို့ထိုနေရာမှာပဲမျက်နှာသစ်လိုက်ပြီးဆားနဲ့သွားတိုက်လိုက်သည်။

ထနှောင်းအခန်းထဲ ပြန်ရောက်တဲ့အထိအရီးပုကအိပ်နေတုန်းမို့လို့အသံမထွက်အောင်သေချာပြင်ဆင်ပြီးတော့မီးဖိုချောင်ဖက်ကိုထွက်လာလိုက်သည်။မီးဖိုထဲရောက်တော့အရင်ဆုံးမီးမွှေးပြီးရေနွေးအိုးတည်လိုက်သည်။မနေ့ကအနည်းငယ်မေးထားတာမို့လို့တစ်ချို့ပစ္စည်းတွေထားတဲ့နေရာကိုသိနေတာကြောင့်ထနှောင်းအတွက်ဘာအခက်အခဲမှမရှိပေ။ရေနွေးအိုးတည်ထားရင်းထမင်းချက်ရန်အတွက်ဆန်ရေဆေးပြီးအိုးပြင်လိုက်သည်။

ထမင်းကြော်ဖို့စိတ်ကူးထားပေမဲ့ထမင်းအကျန်မရှိတော့တာမို့ အသစ်ချက်ရန်တွေးပြီးအကုန်အဆင်သင့်ပြင်ထားလိုက်သည်။ရေနွေးအိုးဆူတော့ထမင်းအိုးတစ်ခါထဲတည်းရင်မီးဖိုချောင်သန့်ရှင်းရေးလုပ်လိုက်သည်။အရမ်းကြီးရှုပ်ပွနေတာမဟုတ်ပဲသူ့နေရာနဲ့သူရှိပေမဲ့တံမြက်စည်းလှည်းပြီးမီးဖိုဆောက်ထားတဲ့အုတ်ခုံတစ်ဝိုက်ကိုလဲအဝတ်စုတ်နဲ့သုတ်လိုက်သည်။ထနှောင်းထမင်းအိုးကျတဲ့အချိန်အရီးပုက မီးဖိုထဲဝင်လာသည်။

''ဟယ်..ထနှောင်းလေး အစောကြီးနိုးနေတာလား ''

''ဟုတ်ကဲ့ အရီး ထနှောင်းကရွာမှာလဲဒီလိုပဲအစောကြီးထပြီးကောက်ညှင်းပေါင်းရတာမို့လို့ နိုးနေတာ''

''ဒါပေမဲ့လဲအရမ်းစောလွန်းတယ်လေကွယ်..နောက်ရက်ကျမထနဲ့ ၅နာရီလောက်ထရင်ရပီထနှောင်းကသာနိုးနေတာဟိုနှစ်ယောက်ကတော့ခုထိအိပ်ကောင်းတုန်းအရီးသွားနိုးလိုက်ဦးမယ်''

''အိပ်ပါစေဦး အရီးရယ်၅နာရီမှမထိုးသေးတာပြီးတော့အကုန်လုပ်ပြီးနေပြီပဲ ဘာမှလုပ်စရာမလိုတော့ဘူး..ဒါနဲ့လေအရီးစားတော်ပဲပြုတ်ဝယ်လို့ရလားဟင်''

''ရတယ်လေ...ထနှောင်းရဲ့ခနနေပဲပြုတ်သည်လာတော့မှာလေ ထနှောင်းစားချင်လို့လား''

မေတ္တာရိပ်မြုံ(Completed) Where stories live. Discover now