အပိုင်း(21)

808 55 9
                                    

''ထနှောင်းရေ...ခနနေရင်သူဋ္ဌေးလေးပြန်ရောက်တော့မယ်တဲ့''

''ဟင်...မြန်လိုက်တာ''

''အေး..အမလဲမသိဘူးခုနက ကြီးကြီးနုဆီကိုဖုန်းဆက်ပြောတာတဲ့''

''ဟုတ်လား..ဒါဖြင့်ရင်မနက်စာထပ်ပြင်ရမှာပေါ့ ''

.''အေးပေါ့..အချိန်ကလဲမနည်းတော့ဘူးလေ မုန့်တွေဘာတွေလဲဝယ်လို့ရမှာမဟုတ်တော့ဘူး''

''အင်းပါ..ထနှောင်းထမင်းကြော်လိုက်မယ်လေ''

''ဟိုလေထနှောင်း....''

''ရှင်အမညိုမေ''

''သူဋ္ဌေးလေးကလေ အသီးအရွက်ထည့်ကြော်ရင်ပိုကြိုက်တယ်သိလား အဲ့လိုလေးကြော်ပေးလိုက်ပါလားဒီကိုရောက်ရင်ဇကောဇက အချိန်ကြီးလေ နေ့လည်စာချိန်နီးနေပြီအဲ့လိုလေးကြော်လိုက်''

''ဟုတ်ကဲ့အမညိုမေ...ထနှောင်းကြော်လိုက်ပါ့မယ်''

ထနှောင်းလဲ နေ့လည်စာအတွက်ပြင်နေရင်းကနေ ထမင်းကြော်ဖို့အတွက်ချက်ချင်းပြင်လိုက်သည်။ထမင်းကအဆင်သင့်ရှိနေပေမဲ့အသီးအရွက်တစ်ချို့ကိုလှီးလိုက်သည်။အသီးအရွက်လှီးပြီးတာနဲ့ရေစင်စင်ဆေးပြီးဇကာထဲထည့်ကာစစ်ထားလိုက်သည်။နေ့လည်စာအတွက်ချက်မဲ့ပုဇွန်ထုပ်ထဲက အကောင်ကြီး လေးကောင်ငါးကောင်လောက်ကိုယူပြီးအခွံချွတ်ရေဆေးပြီးတာနဲ့ထမင်းကြော်ဖို့လုပ်လိုက်သည်။အရီးလေးကပထမတစ်ခေါက်တုန်းကကြော်ပြဘူးတာမို့ထနှောင်းမှတ်မိနေတာ ကြောင့်လွယ်လွယ်ကူကူပင်ဖြစ်သည်။စားသောက်ဆိုင်တွေမှာဒီလိူမျိုးကြော်ရောင်းတယ်ဆိုလို့ထနှောင်းမှတ်ထားလိုက်တာဖြစ်သည်။အင်း..သူဋ္ဌေးလေးလဲကြိုက်တယ်လို့ပြောထားတာလဲပါတာပေါ့။ထမင်းကြော်ပြီးတော့အချည်လေးသုပ်လိုက်ပြီးဟင်းချိုလေးလဲချက်လိုက်သည်။အကုန်လုံးပြီးတော့မှနေ့လည်စာအတွက်ပုဇွန်ထုပ်ကိုဆီပြန်ချက်ပြီး ကောက်ရိုးမှိုလေးနဲ့ကန်စွန်းရွက်လေးကြော်လိုက်သည်။ငါးပိရည်ဖျော်ပြီးတို့စရာအစုံလဲပြုတ်ထားလိုက်သည်။

အကုန်လုံးပြီးတော့မှထနှောင်းလဲသက်ပြင်းချနိုင်တော့သည်။

မေတ္တာရိပ်မြုံ(Completed) Where stories live. Discover now