အပိုင်း(61)

816 63 2
                                    

'ပန်းရိပ်မြုံ' စံအိမ်ကြီးမှာတော့မိုးလင်းတာနဲ့ကလေးအသံလူကြီးအသံတွေနဲ့မနက်ခင်းကအသက်ဝင်နေသည်။

''မဟာမျိူးရှိန်..ဝဠာမျိုးရှိန်..သီဟမျိုးရှိန်...''

''ဗျာ..''  ''ဗျာ..''  ''ဂျာ..''

ထူးသံသုံးခုကတန်းစီထွက်လာလေသည်။လူတွေကိုတော့ခုထိမမြင်ရေသေးပေ။

''ဗျာကိုနောက်ထား..လူအရင်လာခဲ့ကြ..''

ထနှောင်းအတော်ကိုစိတ်တိူနေရပါသည်။ငယ်ငယ်တုန်းကထိန်းရလွယ်သလောက်ကြီးတော့အတော်ကိုဆော့နိုင်လွန်းကြသည်။သူ့တို့အဖေကလဲသူ့သားတွေအကြိုက်အရုပ်မျိုးစုံဝယ်ပေးထားတော့ထနှောင်းမှာတစ်နေ့တစ်နေ့ရှင်းလိုက်ရတဲ့အခန်း..အခုလဲအဖေဖြစ်သူအလုပ်ခန်းကစာရွက်တွေမှာဘောပင်တွေနဲ့သွားခြစ်ပြီးဆော့ထားတယ်လေ..ဟိုသားချစ်ပုဂ္ဂိုလ်ကြီးကတော့ သူ့သားတွေဘာလုပ်လုပ်ပြုံးပြုံးကြီးပဲနေပြီးဘာမှ ပြောမှာမဟုတ်တော့ထနှောင်းကပဲ လူဆိုးမကြီးလုပ်ရတော့သည်။

''ကဲပြောပါဦး..ဖေဖေ့အလုပ်ခန်းထဲကစာရွက်တွေယူမဆော့ရဘူးလို့မေမေပြောမထားဘူးလာမဟာ''

''သားကဖေဖေ့အခန်းထဲပဲဝင်တာပါဝဋ္ဌာနဲ့သီဟဆော့တာ..''

'' သေချာလား မဟာ..မေမေလိမ်ပြောရင်မကြိုက်ဘူးနော်...''

''ဟို..သားလဲပါတယ်..သားကဒီတိုင်းစာရွက်ပဲခေါက်တာ ဘော့ပင်နဲ့ခြစ်တာသူတို့နှစ်ယောက်''

''ဘာပဲ ဖြစ်ဖြစ် သားကအကြီးလေ..ညီလေးတွေကမသိရင်တောင်သားကနားလည်နေပြီလေဖေဖေ့အတွက်အရေးကြီးတာကိုသိရဲ့နဲ့.. ''

''နောက်တစ်ခါမလုပ်တော့ပါဘူး...မေမေ''

''သေချာလားမဟာ..သားကိုယ့်ကတိကိုယ်တည်လား''

''ဟုတ်ကဲ့...''

''ဟိုအငယ်နှစ်ယောက်...''

''ဗျာ..''   ''ဂျာ..''

''ကိုယ့်အပြစ်ကိုယ်သိတယ်နော်...''

''ဝဋ္ဌာ.ကဆော့ချင်လို့မှမဟုတ် ဘော့ပင်လေးနဲ့ခြစ်လိုက်ရင်အရောင်လေးတွေထွက်လာတော့သဘောကျလို့...''

ဖြစ်မှဖြစ်ရလေကိုဝဋ္ဌာရယ်..ဘောပင်နဲ့ခြစ်ရင်ထွက်လာတဲ့အရောင်သဘောကျလို့တဲ့။

မေတ္တာရိပ်မြုံ(Completed) Where stories live. Discover now