အပိုင်း(36)

915 81 9
                                    

ဟိုတစ်နေ့ညကစပြီး ကိုကိုကြီးနဲ့ထနှောင်းကထမင်းတစ်ပန်းကန်ထဲကိုသာအတူတူစားကြသည်။ကိုကိုကြီးကလဲ အမြဲမညီးမညူး ထနှောင်းနဲ့အတူတူစားပေးသည်။နေ့လည်စာစားချိန်ရောက်ရင်လဲအိမ်ကိုအမှီပြန်လာလေ့ရှိသည်။အမြဲထနှောင်းကိုသာဦးစားပေးသည်။တဖြည်းဖြည်းနဲ့ထနှောင်းနဲ့ကိုကိုကြီးနဲ့လဲ အရင်ကထက်စာရင်ပိုရင်းနှီးလာပြီဖြစ်သည်။

အခုလဲအလုပ်သွားခါနီးနေပြီမို့ထနှောင်းက ပြင်ဆင်ပေးမယ်ပြောလဲမရ။သူ့ဘာသာအကုန်လုပ်သည်။ထနှောင်းလဲ ပြောမရတဲ့အဆုံးထိုင်သာကြည့်နေလိုက်တော့သည်။အခုဆိုထနှောင်းရဲ့ကိုယ်ဝန်ကလေးလကျော်ပြီးငါးလထဲဝင်နေပြီဖြစ်သည်။တစ်အိမ်လုံးကလဲသည်းသည်းလှုပ် ဂရုစိုက်ကြသည်။အခုဆိုရင်...မီးဖိုထဲကိုယောင်လိူ့တောင်ခြေဦးလှည့်လို့မရသလို။ခြံထဲဆိုရင်လဲတစ်ယောက်ထဲဆင်းလို့မရ အမမြရီနဲ့အမညိုမေတို့တစ်ယောက်ယောက်ပါမှသာဆင်းခွင့်ရှိသည်။ညနေခင်းလောက်ဆိုရင်လဲ...ကိုကိုကြီးနဲ့အတူတူလမ်းလျှောက်ရသည်။

''နှောင်းငယ်..ကိုယ်သွားတော့မယ်နော်ဂရုစိုက်နော်..နေ့ခင်းကျရင်ကိုယ်ပြန်လာခဲ့မယ်မနက်ဖန်ကျရင်တော့ကိုယ်အလုပ်နားမှာပါ ဆေးရုံလဲသွားရဦးမှာဆိုတော့ နားမှဖြစ်မှာ''

''အင်းပါ...ကိုကိုကြီးရယ်..ထနှောင်းဂရုစိုက်ပါ့မယ်..အလုပ်ကိုစိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါ''

''အင်းပါ..ဒါဖြင့်ကိုယ်သွားပြီး.. မွ''

ထနှောင်းနဖူးလေးကိုညင်ညင်သာသာလေးနမ်းသွားသည့်ကိုကိုကြီးကြောင့် ထနှောင်းမှင်သက်နေမိသည်။ကိုကိုကြီးရဲ့ထနှောင်းကိုနမ်းတဲ့ပထမဆုံးအနမ်းပင်ဖြစ်သည်။

ကိုကိုကြီးနမ်းသွားတဲ့နဖူးနေရာလေးကိူကိုင်ကြည့်ရင်စိတ်ထဲမှာနွေးထွေးသွားရသည်။အောက်ကိုဆင်းမယ်အလုပ်ဘေးခုံမှာတင်ခဲ့တဲ့ကိုကိုကြီးရဲ့စာရင်းစာအုပ်ကြောင့် ထနှောင်းအောက်ကိုအမြန်ဆင်းဖို့လုပ်မိသည်။ပါးစပ်ကလဲတတွတ်တွတ်အော်ခေါ်ရင်လှေကားကိုသေချာကိူင်ကာဆင်းနေမိသည်။

''ကိုကိုကြီး... ကိုကိူကြီးရေ..ဒီမှာစာအုပ်ကျန်ခဲ့တယ်''

''ကိုကိုကြီး....''

မေတ္တာရိပ်မြုံ(Completed) Where stories live. Discover now