အပိုင်း(65)

848 78 7
                                    

ထနှောင်းနိုးတော့ကိုကိုကြီးကိုမတွေ့ရတော့ပေ။ဘယ်အချိန်ထဲကနိုးနေလဲမသိ။ထနှောင်းလဲအချိန်မဆွဲပဲမျက်နှာအမြန်သစ်ကာရေပါတစ်ခါထဲချိုးပြစ်လိုက်သည်။လူတစ်ကိုယ်လုံးကပ်စေးနေတာလဲပါသည်။ရေချိုးအဝတ်အစားလဲ ပြီးတာနဲ့အောက်ထပ်ကိုဆင်းခဲ့တော့ထမင်းစားပွဲမှာလက်ဖက်ရည်သောက်ရင်းသတင်းစာဖတ်နေတဲ့ကိုကိုကြီးကိုတွေ့လိုက်ရတာကြောင့်ထနှောင်းလဲအနားကိုသွားပြီးထိုင်ခုံမှာထိုင်လိုက်သည်

''ကိုကိုကြီး..အစောကြီး နိုးနေတာလား''

''သြော်..နှောင်းငယ်နိုးပြီလား''

''ဟုတ်ကဲ့..''

''ဒါဖြင့်မျိုးကိုသမီးလေးမွေးနေ့ကိုသွားကြတာပေါ့''

''ဟုတ်သားပဲထနှောင်းမေ့နေတာဘာမှလဲမဝယ်ပေးရဘူး''

''ဒီတိုင်းမုန့်ဖိုးပဲပေးလိုက်ပေါ့ကွာ..ရတာပဲ''

ပြောပြီးတာနဲ့ကားရှိရာကိုသွားတဲ့ကိုကိုကြီးကြောင့်ထနှောင်းလဲယူစရာရှိတာကိုယူပြီးနောက်ကအမြန်လိုက်ရသည်။လူကတကယ်တော့နေလို့မကောင်းပေ။တစ်ကိုယ်လုံးကိုကိုင်ရိုက်ထားသလိုမျိုးနာကျင်နေတာဖြစ်သည်။ညကလိုမျိုးမနေတာကြာတော့အခုပြန်နေတဲ့အခါကျထနှောင်းအတွက်ပထမဆုံးတစ်ခေါက်လိူဖြစ်နေသည်။

ကိုကိုကြီးကလဲညက ကိစ္စနဲ့ပက်သက်ပြီးတစ်ခွန်းတစ်လေမှပြောမလာပေ။အဲ့တာ​​ ကြောင့်ထနှောင်းလဲ ငြိမ်နေလိုက်သည်။

ကိုမျိုးကိုအိမ်ကိုရောက်တာနဲ့အိမ်ကသားငယ်လေးကလာကြိုသည်။သားကြီးနဲ့သားလတ်ကတော့အဖော်တွေနဲ့ဆော့နေကြသည်။

''မေမေ့..''

''ရှင့်မေ့သားငယ်လေး...''

ထနှောင်းဆီပြေးလာတဲ့သားငယ်ကိုပွေ့ချီကာပါးဖောင်းဖောင်းကိုဖက်နမ်းလ်ိုက်သည်။

''ထနှောင်းလေးရောက်လာပြီလား..အမကမျှော်နေတာ''

''ဟုတ်တယ် မမ..ထနှောင်းအိပ်ရာထနောက်ကျသွားလို့​..တောင်းပန်ပါတယ် ''

''အိုပြောရမဲ့လူတွေလားကွယ်..မလိုပါဘူး..လာ''

ကိုမျိုးကိုမိန်းမခေါ်သွားတဲ့နေရာမှာပဲထနှောင်းတို့ထိုင်လိုက်သည်။

မေတ္တာရိပ်မြုံ(Completed) Where stories live. Discover now