P.1

38.6K 380 1
                                    

Unicode

''မဖြစ်နိုင်ဘူး ဒါလုံးဝမဖြစ်နိုင်ဘူးမမ''

အရိုးပေါ်အရေတင်ခန္ဓာကိုယ်နဲ့မျက်တွင်းဟောက်ပတ်ဖြစ်နေသောအစ်မဖြစ်သူအတွက်သူစိတ်မကောင်းပေမယ့်လည်းမတတ်နိုင်။

အစ်မရဲ့ကမ်းလှမ်းချက်ကဖြစ်မှမဖြစ်နိုင်ဘဲ။

''ထိုက်...နင်ငါ့ကိုစိတ်ဖြောင့်ဖြောင့်မသွားစေချင်ဘူးလား''

''မမကလည်းဗျာ ကိုးကိုးလေးကကျွန်တော့်တူမလေ''

''အရင်းမှမဟုတ်ဘဲ ငါကိုးကိုးကိုစိတ်မချဘူး သူနဲ့တွဲနေတဲ့ကောင်အကြောင်းနင်သိတယ်မလား ကိုးကိုးကအဲ့ကောင်မှအဲကောင်ဖြစ်နေတာ နင့်ကိုလည်းကိုးကိုးကဦးလေးရယ်လို့ကြောက်တာမဟုတ်ဘူး''

သူနှုတ်ဆိတ်တွေဝေသွားရ၏။

ကိုးကိုးကဖတဆိုးလေးမို့သူ့အမေအလိုလိုက်ထားသမျှ အစွမ်းကုန်ဆိုးတဲ့သူ။
လောင်းကစားသမား ဆေးသမားကောင်နဲ့တွဲလို့အစ်မကမရမကဖြတ်ခဲ့၍နှစ်ယောက်သားခိုးပြေးကြဖို့စီစဥ်ခဲ့ပေမယ့်သူနဲ့အစ်မနဲ့အသိမြန်ပြီးတားလိုက်နိုင်လို့သာတော်သေးသည်ပြောရမည်။
မဟုတ်ရင်အခုလောက်ဆိုကိုးကိုးကဆေးသမားမယားဖြစ်နေလောက်ပြီ။

အခုထိလည်းကိုးကိုးကအဲ့ကောင်နဲ့ပတ်သက်နေတုန်း။သူ့အမေကလည်းပထမတစ်ခါလိုထပ်ဖြစ်မည်စိုး၍သူ့သမီးအားလွှတ်ထားလိုက်၏။

ဆယ့်ကိုးနှစ်ပဲရှိသေးတဲ့ကိုးကိုးကအချစ်ကိုဘဝကြီးမှတ်နေပုံပါပဲ။

''ဒါပေမယ့်မမရယ် ကျွန်တော့်မှာလ​ည်းချစ်ရမယ့်သူရှိနေတယ်လေ''

''ထိုက်...နင်ပဲပြောတယ်လေ ငါနဲ့ဖေဖေ့ရဲ့ကျေးဇူးကိုနင်တစ်နေ့ပြန်ဆပ်မယ်ဆို''

သူ့ရင်ထဲမှာတစ်ကယ်ပဲဆို့နင့်သွားရ၏။

''ငါ့သမီးလေးကိုနင်နဲ့ပဲစိတ်ချလို့ပါထိုက်ရယ်''

သူခေါင်းငိုက်စိုက်ချလိုက်မိသည်။သူ့မှာရွေးချယ်စရာလမ်းကဘာမှမရှိတော့ဘူး။

*****

''ဘာပြောတယ်ကို...ယွန်းနဲ့လမ်းခွဲမယ် ပြီးတော့ကိုးကိုးကိုလက်ထပ်မယ်ဟုတ်လား''

My uncle is my husband[Completed]Where stories live. Discover now