Unicode
မနွယ်ဝယ်လာပေးတဲ့ဆီးစစ်တံသုံးချောင်းလုံးနဲ့ဆီးစစ်အပြီးမှာ ကိုးကိုးတစ်ယောက်မျက်လုံးလေးတွေဝိုင်းစက်သွားရ၏။
သုံးချောင်းလုံးကမျဥ်းအနီနှစ်ကြောင်းပြနေတာမို့သူမကိုယ်ဝန်ရှိနေတာတစ်ကယ်သေချာပြီပေါ့။
သူမရေချိုးခန်းထဲကထွက်လာတော့မနွယ်က
''ဘယ်လိုလဲကိုးကိုး ဟုတ်လား''
''သုံးချောင်းလုံးမျဥ်းနှစ်ကြောင်းတဲ့''
''ဟင် ဒါဆိုဟုတ်နေပြီပေါ့ ဝမ်းသာလိုက်တာကိုးကိုးရယ် ထိုက်သိရင်သိပ်ပျော်မှာ''
ကိုးကိုးလည်းကိုယ့်ဗိုက်လေးကိုကိုင်ကာခပ်ရေးရေးပြုံးလိုက်မိ၏။
ဦးထိုက်သိရင်ဘာများပြောမှာပါလိမ့်။
ညနေ ဦးထိုက်ပြန်လာတော့ကိုးကိုးဒီအကြောင်းကိုမပြောဘဲခဏလျှို့ဝှက်ထားလိုက်သည်။
ဘာလို့လဲဆိုတော့ မကြာခင်ဦးထိုက်ရဲ့အသက်သုံးဆယ်ပြည့်မွေးနေ့ကိုရောက်တော့မှာမို့လို့ပါ။အဲခါကျမှဦးထိုက်အံ့သြသွားအောင်surpriseလုပ်ဖို့ဆုံးဖြတ်ထား၏။
ထိုက် သူ့အားအင်္ကျီကြယ်သီးတွေဖြုတ်ပေးနေသောသူမမျက်နှာကိုလိုက်ကြည့်ကာ
''ကိုးကိုး နေကောင်းသွားပြီလား ဘယ်လိုနေသေးလဲ''
''အင်း သက်သာနေပါပြီ''
''အဲဒါဆို ဒီည...''
သူ့စကားမဆုံးခင်မှာပဲကိုးကိုးကသူ့ရင်ဘတ်ကိုပိတ်ရိုက်ကာ
''ဦးထိုက်နော် အမြဲဒီဘူတာပဲဆိုက်နေတာ မပြောလိုက်ချင်ဘူး''
''မရဘူးလား တစ်ခါတည်းပါ''
''မရဘူး ဘာတစ်ခါတည်းလဲ အဲလိုပြောပြောပြီးမိုးလင်းသွားတာများ''
ကိုးကိုးကငြူစူရင်းသူ့အင်္ကျီကိုချွတ်ကာသူ့ရှေ့ကထွက်သွားမယ်လုပ်တော့သူအမိအရနဲ့ကိုးကိုးခါးလေးအားနောက်ကနေသိုင်းဖက်ကာ
''ကိုးကိုးလို့...တစ်ခါတည်းပါဆို ကိုယ်ကတိပေးတယ်ကွာ''
''မရသေးဘူးလို့ဦးထိုက်ရဲ့ ဦးထိုက်ပဲပြောတော့လူကိုပိုကြိုက်တာဆို''
YOU ARE READING
My uncle is my husband[Completed]
Fanfictionကိုယ့်မွေးစားတူမကကိုယ့်ဇနီးဖြစ်လာသောအခါ