Unicode
ဒီနေ့တော့ကိုးကိုးလည်းခြေထောက်ကဒဏ်ရာကသက်သာပြီမို့ဦးထိုက်နဲ့အတူကုမ္ပဏီကိုပြန်လိုက်တော့မှာဖြစ်သည်။
''ဦးထိုက်''
''ဗျာ''
နက်ခ်တိုက်ချည်နေသောဦးထိုက်ကိုးကိုးသူမနဲ့မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ပြီး
''လာ ကိုးကိုးလုပ်ပေးမယ်''
ကိုးကိုးကသူ့ကိုနက်ခ်တိုက်ချည်ပေးနေရင်းမှတစ်ချက်တစ်ချက်ခိုးခိုးကြည့်နေတာမို့ ထိုက်,သူမနှာခေါင်းလေးအားဆွဲညှစ်ကာ
''ဘာပြောချင်နေတာလဲပြော''
''ဟင့်အင်း''
''ကိုးကိုးကကိုယ့်လက်ပေါ်မှာကြီးလာတာပါ မျက်လုံးကိုကြည့်တာနဲ့ဘာဆိုတာသိတယ် ပြောစရာရှိတာပြောစမ်းပါ''
နက်ခ်တိုက်ချည်ပေးပြီးတော့သူမကလက်ကလေးနှစ်ဖက်နောက်ပစ်၍သူ့မျက်နှာအားစေ့စေ့မော့ကြည့်လာပြီး
''အရင်ကပြောဖူးတဲ့ကိစ္စကိုရုတ်သိမ်းရင်ကောင်းမလားလို့''
''ဘာကိစ္စလဲ''
''ကွာရှင်းကြမယ်ဆိုတဲ့ကိစ္စလေ''
''ဪ''
ဦးထိုက်ပုံစံကပုံမှန်ပဲမို့ကိုးကိုးကမျက်မှောင်အစုံကျုံ့ကာ
''ဘာလဲ ဒါပဲလား''
ထိုက်ပြုံးစေ့စေ့နဲ့မှန်တင်ခုံပေါ်ကပစ္စည်းတွေကိုဆွဲချပြီးသူမအားခါးလေးကနေမ,ကာမှန်တင်ခုံပေါ်တက်လိုက်လေသည်။
''ဦးထိုက် ဘာလုပ်တာလဲ အကုန်ပျက်စီးကုန်ပြီ''
သူမရဲ့cosmeticတွေအားနှမြောတသစွာငုံ့ကြည့်နေတဲ့သူမမျက်နှာလေးအား ထိုက်မေးဖျားကနေဆွဲလှည့်လိုက်ပြီး
''မနက်ဖြန်အကုန်ပြန်ဖြည့်ပေးမယ် အခုတော့ကိုယ်တို့ကိစ္စပဲပြောရအောင်''
''.....''
''ကိုယ်အစကတည်းကသိပါတယ် ကိုးကိုးအရင်ကကွာရှင်းကြမယ်လို့ပြောခဲ့တုန်းကကလေးအတွေးကလေးစိတ်နဲ့လျှောက်ပြောတယ်ဆိုတာ ပြောရရင်ကိုယ်ကအဲ့ကိစ္စကိုခေါင်းထဲတောင်မရှိဘူး ကိုးကိုးစိတ်ချမ်းသာပါစေတော့ဆိုပြီးဒီအတိုင်းအလိုက်ထိုက်နေပေးခဲ့တာ ဒါကတစ်ကယ်ဖြစ်လာမှာမဟုတ်ဘူးဆိုတာသိပြီးသားလေ''
YOU ARE READING
My uncle is my husband[Completed]
Fanfictionကိုယ့်မွေးစားတူမကကိုယ့်ဇနီးဖြစ်လာသောအခါ