P.8

17.4K 263 4
                                    

Unicode

''ဦးထိုက်''

ကိုးကိုးကသူ့စားပွဲကိုဖုန်သုတ်ပေးသလိုလိုနဲ့သူ့အနားရောက်လာပြီး

''ဦးထိုက်လို့''

''အင်း''

သူမကစားပွဲမှာဝင်ထိုင်ပြီးသူ့မေးစေ့အားလက်ညှိုးလေးနဲ့ဆွဲမော့ကာ

''ဦးထိုက်ကလူကိုအရေးကိုမလုပ်ဘူးနော် ဘာလဲ လိုချင်တာရှိမှအရေးလုပ်မယ်ဆိုတဲ့သဘောလား''

''မဟုတ်ပါဘူး ကိုးကိုးဘာပြောမလို့လဲပြောလေ''

''တော်ပါပြီ ဦးထိုက်ကဝတ္တရားအရမေးနေရပုံနဲ့''

ပြောပြီးသူမကစားပွဲပေါ်ကဆင်းကာသူ့အနားကထွက်သွားဖို့ပြင်နေတာကြောင့်သူထိုင်ရက်ကနေသူမလက်ကလေးကိုဆွဲကာသူ့ပေါင်ပေါ်ထိုင်စေလိုက်ပြီး

''ကိုယ်ဘာလို့ကိုးကိုးကိုမကြည့်တာလဲသိလား''

''ပြောပါဦး''

''လူကိုမြင်တာနဲ့အောက်ကကောင်ကငြိမ်ငြိမ်မနေလို့လေ''

''ဦးထိုက်နှာဘူး''

''ကဲပြော ဘာတွေပူဆာချင်လို့လဲ''

''အိမ်စောစောပြန်ကြမယ်လို့ ဦးထိုက်လက်ရာမာလာရှမ်းကောစားချင်တယ်''

''ဟုတ်ပြီ ဖြစ်စေရမယ် အစပ်တော့လျှော့ရမယ်နော် ရက်ကနီးနေပြီမလား''

''ဟုတ်လား ကိုးကိုးကမှတ်ကိုမထားဘူး မှတ်ထားလည်းမေ့သွားတာ''

''ကိစ္စမရှိပါဘူး ကိုယ်မှတ်ထားပေးရင်ရပြီလေ''

''အင်း ဦးထိုက်ကအဲဒါတွေအားကိုးရတာ ဟီးး''

ထိုစဥ်

''ဒေါက်..ဒေါက်''

တံခါးခေါက်သံကြားပြီးသူခွင့်မပြုရသေးခင်မှာပဲသူ့ရုံးခန်းတံခါးကပွင့်သွားကာမန်နေဂျာကအခန်းထဲဝင်လာ၍ကိုးကိုးမှာကမန်းကတန်းနဲ့ဦးထိုက်ပေါ်ကထလိုက်ရ၏။

''ကိုမိုးဆွေ ကျွန်တော်ဝင်ခဲ့မပြောသေးဘဲဘာလို့ဝင်လာတာလဲ''

''ဆောရီးပါဗျာ အခုအပြင်မှာပြဿနာတက်နေလို့''

သူနဲ့ကိုးကိုးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။

My uncle is my husband[Completed]Where stories live. Discover now