Unicode
My uncle is my husband
Chapter.15
ငွေရတီ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတုန်းမှာပဲလူတစ်ယောက်ကအခန်းထဲဝင်လာပြီး
''ဆောရီးပဲဟာ လကိုးသွယ်ကိုသူ့ယောကျ်ားကပြန်ခေါ်သွားပြီးဟိုကောင်တွေလည်းသမခံလိုက်ရတယ်တဲ့ သူတို့ကငါ့အပေါ်မဲကျပြီးသ.တ်မယ်တကဲကဲလုပ်နေလို့နင့်ကိုခုလိုလုပ်လိုက်ရတာ''
တစ်ကိုယ်လုံးအညိုမဲစွဲကာသွေးတွေပေကျံနေပြီးမျော့မျော့သာကျန်တော့တဲ့သူမမှာအောင်ကျော်ထက်ဆိုတဲ့ကောင်ကိုသတ်ချင်နေပေမယ့်လည်းမျက်ရည်တွေကျနေရုံကလွဲရင်ဘာမှမတတ်နိုင်ခဲ့ပေ။
ဒါတွေအားလုံးကနေထိုက်တန်နဲ့လကိုးသွယ်ဆိုတဲ့မိန်းမကြောင့်။
နှစ်ယောက်လုံးကိုလုံးဝမကျေဘူး။အခုသူမစိတ်ထဲမှာ သူတို့နှစ်ယောက်ကိုသတ်ချင်စိတ်သာကြီးစိုးနေခဲ့လေသည်။
🍀🍀
နောက်ဆုံးတော့ကိုးကိုးစောင့်မျှော်နေခဲ့တဲ့အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီ။
ဦးထိုက်အတွက်မွေးနေ့ပွဲကိုသူမတို့ခြံထဲမှာပဲနှစ်ယောက်တည်းရိုးရှင်းစွာကျင်းပဖို့စဥ်းစားထားသည်။
ပြီးတော့သူမကိုယ်တိုင်ပဲဦးထိုက်ရဲ့မွေးနေ့ပွဲကိုပြင်ဆင်ပေးရင်း ဦးထိုက်အတွက်surpriseကိုပါတစ်ခါတည်းပြင်ဆင်ရင်းသူမရင်တွေကအတိုင်းအဆမရှိအခုန်မြန်နေခဲ့လေ၏။
''ကလေး''
ဝိုင်နဲ့စားစရာတွေတင်ထားတဲ့စားပွဲနားမှာရပ်နေသောသူမအား ဦးထိုက်ကနောက်ကနေခါးလေးကိုသိုင်းဖက်ပြီးလည်တိုင်နဲ့ပုခုံးလေးကိုနမ်းလာလေ၏။
''ကလေးဒီနေ့အရမ်းလှနေတယ်''
ပေါင်တစ်ဝက်သာရှိသောအဖြူရောင်body fitလက်ရှည်လေးနဲ့သူမက သူ့မျက်လုံးထဲမှာကျက်သရေရှိရှိနဲ့ရိုးရှင်းစွာလှပနေလေသည်။
''အရင်ရက်တွေကတော့မလှဘူးပေါ့''
''ကလေးကကိုယ့်မျက်လုံးထဲမှာအမြဲတမ်းလှနေခဲ့တာ နူးညံ့ပြီးချစ်စရာကောင်းတယ်''
YOU ARE READING
My uncle is my husband[Completed]
Fanfictionကိုယ့်မွေးစားတူမကကိုယ့်ဇနီးဖြစ်လာသောအခါ