Final🔞🔞🔞

32.2K 315 9
                                    

Unicode

My uncle is my husband

Chapter.18(final)🔞🔞

အေးစက်စက်လေတွေကပြတင်းပေါက်ကနေတစ်ဆင့်အခန်းထဲသို့တိုက်ခတ်လာပြီးသူမမျက်နှာလေးထက်ကိုဖြတ်ပြေးသွားလေ၏။

ရုတ်တရက် သူမကိုယ်လေးနွေးခနဲဖြစ်သွား၍ကိုးကိုးနှုတ်ခမ်းလေးတွေပြုံးသွားရလေသည်။

သူမမျက်လုံးလေးကိုအသာဖွင့်ကြည့်တော့ဦးထိုက်ကသူမကိုစောင်သေချာခြုံပေးနေတာကိုတွေ့လိုက်ရ၏။

''ဦးထိုက် အစောကြီးနိုးနေတာလား''

''မဟုတ်ပါဘူး က​လေးကိုစောင်ထခြုံပေးတာ အေးနေပြီလားကလေး ညကကိုယ်ပြတင်းပေါက်ပိတ်ထားတာကိုကလေးဘာလို့ပြန်သွားဖွင့်ထားတာလဲ ဆောင်းဦးရာသီရောက်နေပြီ အအေးပတ်မယ်မဗိုက်ရဲ့ အခုနွေးသွားပြီလား''

''အင်း''

''ကိုယ်ပြတင်းပေါက်သွားပိတ်လိုက်ဦးမယ်''

''ထားလိုက်ပါ အသက်ရှူကြပ်လို့ပါဆို''

''ဟုတ်ပါပြီဟုတ်ပါပြီ''

ဦးထိုက်ကသူမဘေးမှာပြန်လှဲအိပ်ပြီးသူမရဲ့မပူတပူဗိုက်ကလေးအားလာကိုင်သည်။

''ပြန်အိပ်ဦး အိပ်ရေးပျက်ရင်လူကနေထိုင်မကောင်းဖြစ်မယ်''

''အင်း''

ကိုးကိုးမျက်လွှာလေးတွေပြန်ပိတ်လိုက်ပြီးသူမဗိုက်ပေါ်ကဦးထိုက်ရဲ့လက်ကလေးကိုပြန်ထပ်ကိုင်လိုက်၏။

အခုဆိုသူမ​ဗိုက်ကငါးလထဲရောက်နေပါပြီ။
ဒါပေမယ့်လည်း​ဗိုက်ဖုံးအင်္ကျီဝတ်စရာမလိုအောင်ကိုသူမဗိုက်​ကတစ်ကယ်သေးသေးလေး။

ပြီးတော့သူမ​ဗိုက်​ထဲကကလေးကသမီးလေးတဲ့။
သူမနဲ့တူပြီးငဆိုးမလေးဖြစ်နေရင်တော့ခက်ရချည်သေးရဲ့။

***

''ကိုးကိုး! အမလေး ဒုက္ခပါပဲမယ်မင်းကြီးမလေးရယ်''

သူမကိုလှမ်းကြည့်ပြီးမျောက်မီးခဲကိုင်ထားသလိုအော်ဟစ်နေတဲ့မနွယ်ကိုကြည့်ပြီး ကိုးကိုးမျက်နှာလေးရှုံ့မဲ့သွားရ၏။

မနွယ်ကသူမဆီလာကာ လက်ထဲကဘောလုံးကိုဆွဲယူ၍

''ဒါဘာလုပ်တာလဲကိုးကိုး ကိုယ့်ကိုယ်ကိုပေါ့ပေါ့ပါးပါးလေးများမှတ်နေလား''

You've reached the end of published parts.

⏰ Last updated: Jul 03 ⏰

Add this story to your Library to get notified about new parts!

My uncle is my husband[Completed]Where stories live. Discover now