Chapter 116

1.6K 197 7
                                    

Unicode

လော့ချယ် မှင်တက်သွားပြီး သူ နားကြားမှားတာလို့ ထင်လိုက်မိတယ်။

သူ့မျက်၀န်းကို အန္တရာယ်ရှိစွာ မှေးကျဉ်းလိုက်ပြီး ပြန်မေးလိုက်တယ်။

"မင်း ဘာပြောလိုက်တယ်"

သူကတော့ သူ့ဖန်တွေ ကုမျန်နဲ့သူ့ကို အတူတွဲမြင်ရတာကျင့်သားရလာစေဖို့ ဘယ်လိုလုပ်ရမလဲလို့ တွေးနေပြီး ကုမျန်ကို တဖြည်းဖြည်းလက်ခံလာအောင်လုပ်ဖို့ ကြိုးစားနေပေမယ့် ကုမျန်က လမ်းခွဲဖို့ပြောလာမယ်လို့ လုံးဝထင်မထားခဲ့ဘူး။

ကုမျန် သူမနှုတ်ခမ်းကို စေ့လိုက်မိတယ်။ ဘာလို့လဲမသိပေမယ့် နောက်ထပ်ပြောရမယ့်စကားလုံးတွေက နည်းနည်းကြမ်းတမ်းသလိုပဲလို့ ခံစားရတယ်။

ဒါပေမယ့်ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ သူမ အနှေးနဲ့အမြန်တော့ပြောရမှာပဲ။

လော့ချယ်ရဲ့ အန္တရာယ်ရှိတဲ့အကြည့်တွေအောက်မှာ ကုမျန် နှစ်စက္ကန့်လောက်တွေဝေသွားပြီး ခုနကစကားလုံးကိုပဲ ထပ်ပြောလိုက်တယ်။

"လမ်းခွဲရအောင်"

ကုမျန်ရဲ့စားပွဲပေါ်တင်ထားတဲ့လက်ကို လော့ချယ်လှမ်းဆွဲလိုက်ပြီး အတည်မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ"

ကုမျန်ရဲ့လက်ကောက်ဝတ်က တင်းကျပ်နေအောင် အဆွဲခံထားရတယ်။ သူမရဲ့ခေါင်းထဲ ခဏလောက် ဗလာဖြစ်သွားသလိုပဲ။ ဒီလိုတုန့်ပြန်ချက်က သူမ ထင်မှတ်မထားတဲ့အရာမျိုးဖြစ်တယ်။

ဝတ္ထုထဲမှာ မူလပိုင်ရှင်က လမ်းခွဲဖို့တောင်းဆိုတော့ လော့ချယ်က လွယ်လွယ်ပဲလက်ခံခဲ့တယ်။ နည်းနည်းမှမတုံ့ဆိုင်းပဲနဲ့ပဲလေ။ သူက ပျော်ပါတယ်လို့တောင် ပြောခဲ့သေးတယ်။

ဒါကြောင့် အခုအခြေအနေက ကုမျန်ရဲ့ ထင်မြင်ချက်ကနေ လုံးဝကွဲထွက်နေတယ်။

လော့ချယ်က သူမကို ဘာလို့လဲလို့မေးနေတယ်။

ကုမျန် သူမရဲ့ပါးစပ်ကိုဖွင့်လိုက်တယ်။ အခုအခြေအနေက ထင်ထားတာနဲ့လွဲနေပေမယ့် သူမ အကြောင်းပြချက်တစ်ခုတော့ ပေးရမယ်လေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now