Zawgyi
"သားရေ Jungkookလေး.... လာပါအုံး..."
အရုပ်လေးအား လက်ထဲဆုပ်ကိုင်လျက် မေမေ့ဆီကိုအပြေးလာခဲ့သည်။
"ဖြေးဖြေးလာပါကွယ် မေမေ့သားလေး ချော်လဲပါအုံးမယ်..."
အသက်6နှစ်သာရှိသေးသည့် jungkookလေးဟာ သိတတ်ခါစမှာ ဟိုဟိုဒီဒီလျှောက်ဆော့တတ်နေပြီမို့ အိမ်တော်ထိန်းလဲ လက်မလည်ပေ။
"သားလေး... ဒီနေ့ အရှေ့ဘက်ခြံကိုသွားမဆော့ရဘူးနော်..."
"ဘာလို့လဲမေမေ..."
"ဒီအိမ်တော်ရဲ့သခင်လေးKimက ဒီနေ့ နိုင်ငံခြားကနေပြန်ရောက်မယ်တဲ့ အဲ့တာကြောင့် မေမေ့သားလေးအမှားလုပ်မိမှာစိုးလို့ပါကွယ် နောက်နေ့မှ ဥက္ကဌကြီးက အဲ့ကိုကိုနဲ့မိတ်ဆက်ပေးလိမ့်မယ် ဟုတ်ပြီလား "
jungkookလေး မေမေမှာသည့်စကားအား ခေါင်းလေးငြိမ့်ကာ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် အရှေ့ဘက်ပန်းခြံကိုလှမ်းကြည့်ရင်း ငြိမ်နေသည်။
အိမ်တော်ထိန်းလဲ သားလေးအား အနောက်ဘက် အစေခံတန်းလျားဘက်သို့ပြန်ပို့ကာ အိမ်ထဲတွင်နေခဲ့ရန်မှာထားပြီး အိမ်တော်တွင် သခင်လေးနေရန်အခန်းအားသေချာပြင်ဆင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
သခင်လေးKimလဲ ဥက္ကဌကြီးနဲ့အတူ ဧည့်ခန်းထဲတွင် ရောက်နေပြီမို့ အပြေးသွားကာ ကြိုဆိုလိုက်သည်။
" ဥက္ကဌကြီးတို့တောင် ရောက်နေပြီလား ကျွန်မ သခင်လေးအတွက် အခန်းပြင်ဆင်ပေးထားပါပြီ"
"ကောင်းပါပြီ ကဲ သားလေးနဲ့မိတ်ဆက်ပေးအုံးမယ်
နာမည်တော့ပြောပြစရာမလိုတော့ဘူး သားလေးကငယ်သေးတော့ အစစအရာရာသေချာဂရုစိုက်ပေးဖို့ဘဲတောင်းဆိုချင်ပါတယ်""စိတ်ချပါ ဥက္ကဌကြီး..."
"သားလေး ဒီကအန်တီက Kimအိမ်တော်ရဲ့ အိမ်တော်ထိန်း Jeonမျိုးနွယ်...သားလေးလိုအပ်တာရှိရင် ဒီအန်တီကိုပြောလို့ရတယ်"
Mr.Kimပြောသည့်စကားအား ခေါင်းတစ်ချက်သာငြိမ့်၍ ဘာမှပြန်မဖြေပေ။
7နှစ်ပြည့်ခါနီးtaehyungလေးဟာ နိုင်ငံခြားမှာသာ ကလေးထိန်းအဒေါ်ကြီးနှင့် ကြီးပြင်းခဲ့ရသည်မို့ မျက်နှာကြောတင်းပြီး ဆိုးသည်။