Zawgyi
Jungkook ရင်ခုန်လွန်းလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကိုမသိပေ။ Taehyungက သူ့ကို စိုက်ကြည့်ပြီးပြောနေတာကြောင့် ပိုပြီးနေရခက်သည်။
"ဟုတ်ကဲ့အကိုလေး..."
Jungkookလဲ စိတ်လျှော့လိုက်ပြီး Taehyungအား စာမေးပွဲအတွက် အရေးကြီးသည့်အပိုင်းတွေ အရင်ရွေးကာ သေချာရှင်းပြပေးခဲ့ပြီး ညနက်မှ အစေခံတန်းလျားဘက်သို့ပြန်လာခဲ့သည်။
အိမ်ထဲရောက်မှ သက်ပြင်းချကာ ရေဝဝသောက်လိုက်ပြီး မေမေခင်းပေးထားသည့် အိပ်ယာပေါ်သို့ အားရပါးရ လှဲချလိုက်သည်။
"သား ဒီရက်ပိုင်း သခင်လေးနဲ့အဆင်ပြေနေတာလား.."
"ဗျာ... မေမေ မအိပ်သေးဘူးလား"
"သားကိုစောင့်နေတာ.."
"အိပ်နှင့်တာမဟုတ်ဘူးမေမေရယ်.... အိပ်ရေးမဝရင် အလုပ်လုပ်ဖို့အားမရှိဘဲနေမယ်..."
"မေမေ့သားမျက်နှာလေးကိုမြင်ရင် မေမေက အမောပြေနေပါပြီ...."
မေမေကအဲ့လိုဘဲ ဘယ်လောက်ဘဲပင်ပန်းနေပါစေ ကျွန်တော့်အတွက်ဆို အမြဲအားအင်အပြည့်ဖြင့်ပြုံးပြနေတတ်သည်။
"မေမေကလဲ သားအတွက် အားအင်တစ်ခုပါ.....
အခု သားပြန်ရောက်ပြီဆိုတော့ မေမေလဲနားတော့နော်..."မေမေ့ကိုအိပ်ဖို့ပြောပြီး Jungkook ကတော့ အတွေးများနှင့် အိပ်မရပေ။
__________
စာမေးပွဲဖြေရတော့မည်ဖြစ်သော်လည်း Jungkook အချိန်ပိုင်းအလုပ်ကိုမနားဘဲဆက်လုပ်ပြီး စာကိုလဲ ညနက်အထိဖိလုပ်ဖြစ်သည်။
ဒီရက်ပိုင်းတွေမှာ စာမေးပွဲနီးသော်လည်း Taehyung ကိုသိပ်မတွေ့ဖြစ်ပေ။
သူ့အား စာကူးရန်စာအုပ်ပေးခဲ့ပြီး
အလေလိုက်နေတာကြောင့် Taehyungကို သိပ်မတွေ့ဖြစ်တာဖြစ်သည်။နားချိန်တွင် Jungkook စာကြည့်တိုက်ဘက်မှာ စာအုပ်ယူကာ ကန်တင်းဘက်သို့ ထွက်လာပြီး အအေးတစ်ခွက် မှာလိုက်သည်။
"သံပုရာရည်တစ်ခွက် အရင်ပေးပါ.."
"Jeon Jungkook ဟုတ်ပါတယ်နော်..."
အအေးမှာပြီး စောင့်နေတုန်း ခပ်သန့်သန့်ကျောင်းသားတစ်ယောက်မှ လာနှုတ်ဆက်တာကြောင့် Jungkook ဘာမှပြန်မဖြေဘဲ ကြောင်ကြည့်နေမိသည်။