Ep(3)

1.3K 52 8
                                    

Zawgyi

Shoppingထွက်နေသည့် တစ်လျှောက်လုံး Jungkook နောက်ကနေ တစ်ယောက်ထဲ တိတ်ဆိတ်လျက် Taehyung ပေးသမျှ အထုပ်တွေကိုဆွဲပြီး တစ်ကောက်ကောက်လိုက်နေရသည်။
ဟိုဖြူဖြူကောင်လေးကတော့ Taehyung နားတွယ်ကပ်နေသည်မှာ မြင်မကောင်း။
ဒါတောင် shoppingထွက်သည့်နေရာဟာ Kim Groupအပိုင် shopping mallထဲမှာမို့ ဘယ်သူမှ စေ့စေ့တောင် မကြည့်ရဲကြတာဖြစ်သည်။

"ဗိုက်ဆာတယ်.... လောလောဆယ် တစ်ခုခုသွားစားရအောင် baby..."

"အွန်း...."

ထိုကောင်လေးအား ပခုံးဖက်ကာ ဆက်မသွားသေးဘဲ
အထုပ်တွေဆွဲထားရသည့် Jungkook ဘက်ပြန်လှည့်လိုက်ပြီး....

"အော...မင်းက အထုပ်တေနဲ့ကားနားသွားစောင့်နေ...."

"ဟုတ်ကဲ့အကိုလေး..."

"နေအုံး...."

"ရော့ ဗိုက်ဆာရင် တခုခုဝယ်စားလိုက်"

Jungkook လက်ထဲသို့ ပိုက်ဆံထည့်ပေးခဲ့ပြီး သူကတော့ ကောင်လေးပခုံးကိုဖက်ကာ လှည့်ထွက်သွားသည်။

Jungkookလဲ ကားနားမသွားခင် အဆာပြေစားရန်ထမင်းလိပ်ဝယ်လာခဲ့ပြီး ကားပါကင်အဆင်းနားရှိ ခုံတန်းလေးတွင် အထုပ်တွေချပြီးထိုင်ကာ ထမင်းလိပ်စားရင်းစောင့်နေခဲ့သည်။

(ဟူး......ဘာဖြစ်လို့လဲ အကိုလေးကို အဲ့လိုမြင်နေရတာ မပျော်သလိုကြီးဘဲ နေရဆိုးလိုက်တာ ငါကဘာလုပ်နိုင်မို့လို့လဲ အဟက် ရူးနေပြီဘဲ Jeon Jungkook)

တွေးနေရင်းပင် ထမင်းလိပ်ဆက်မစားတော့ဘဲ ဘူးလေးပြန်သိမ်းကာ နံရံကိုမှီနေလိုက်သည်။
တစ်အောင့်နေတော့ ကောင်လေးအား ပခုံးဖက်ထားပြီး ကားပါကင်ဆီသို့ပြန်ဆင်းလာကြသည့် Taehyung တို့နှစ်ယောက်အသံကိုကြားလိုက်ပြီး Jungkook လဲ အထုပ်တွေဆွဲကာ ကားနားသွားပြီးရပ်စောင့်နေလိုက်သည်။

Taehyung ကား lockဖွင့်ပေးမှ နောက်တံခါးဖွင့်ကာအထုပ်တွေနဲ့အတူ ရောထိုင်ပြီး ငြိမ်နေပြန်သည်။
Taehyungကတော့ တစ်လမ်းလုံး ကောင်လေးနှင့် စကားပြောပြီး ရယ်မောနေသော်လည်း Jungkook မျက်နှာကတော့ မှုန်သုန်လျက် အပြင်ဘက်ကိုသာငေးကြည့်နေသည်ကို Taehyung မှန်ထဲကနေ တဆင့် လှမ်းကြည့်ရင်း ရိပ်မိလိုက်သည်။
သို့သော် Jungkook ကိုတော့အာရုံစိုက်မနေဘဲ ရှေ့က ကောင်လေးဆီကိုသာအာရုံစိုက်နေလိုက်သည်။

SWEET REVENGEWhere stories live. Discover now