Zawgyi
"ညက မင်းနဲ့ငါ ဘာမှမဖြစ်ခဲ့ကြဘူး အဲ့လိုဘဲသိထားလိုက်....ဒဏ်ရာ ကိစ္စကို ဖေဖေသိလို့မေးလာရင် ခိုက်မိတယ်လို့ဘဲပြော.....တစ်ခြားကိစ္စ လျှောက်ချွန်မယ်မကြံနဲ့ ငါ့အကြောင်းသိတယ်မလား"
တွေးထားသလိုပင် Taehyungက ပုံမှန်အတိုင်း သူ့ကိုအနိုင်ယူနေဆဲဖြစ်သည်။
(ကြိုတွေးထားခဲ့တာတောင် တစ်ကယ် လက်တွေ့ ဖြစ်လာတဲ့ အခါ နာကျင်ရပြန်တယ်။
ရက်စက်လိုက်တာခင်များရာ.... ကျုပ် ခင်များကို အရှုံးပေးနေတာက နိမ့်ကျတဲ့ အစေခံသားအနေနဲ့ဆိုတာထက် ခင်များလေးကိုချစ်လို့ ပိုပြီးအရှုံးပေးမိတာ
လူတစ်ယောက်ကို ချစ်မိတာ ဒီလောက်အထိ နာကျင်ရလိမ့်မယ်လို့ မထင်ခဲ့ဘူး။)"စိတ်ချပါ ဘယ်သူမှ မသိစေရပါဘူး"
Jungkook အသံတွေတုန်ယင်နေတာ Taehyung သိသော်လည်း ပြတင်းပေါက်ဘက်သို့ မျက်နှာလွှဲလိုက်ရင်း စီးကရက်ကိုသာဖွာနေလိုက်သည်။
Jungkook ကျန်နေသည့်အားလေးတင်းကာ အင်္ကျီကောက်ယူပြီး အိပ်ယာခင်းတွေကော စောင်တွေပါ ရေချိုးခန်းထဲသို့သယ်ယူသွားရင်း အခန်းတံခါးအားlockချကာ မျက်ရည်တွေ ထိန်းမထားဘဲ ငိုချလိုက်သည်။
(ဒီဝဠ်ကြွေးတွေကို ကျေအောင်ဆပ်ခဲ့မှာပါ
ကျွန်တော်အသက်ရှင်နေတုန်းလေးမှာပေါ့
ခင်များနဲ့ဖြစ်ပျက်ခဲ့သမျှ ဒီလိုဘဲ မသိသလိုလုပ်လိမ့်မယ်ဆိုတာသိတယ်....
တစ်ခါတလေ အရာအားလုံးကိုလက်လျှော့လိုက်ချင်တယ်.... အကုန်လုံးကိုထားခဲ့ပြီး ထွက်သွားချင်တယ်
ဒါပေမဲ့ မဖြစ်သေးဘူးလေ.... မေမေရှိသေးတယ်
မေမေက ကျွန်တော့်ကိုအရမ်းမျှော်လင့်ထားတာ
အဲ့ဒိစိတ်လေးဘဲကျန်တော့တာပါ )"ကျွန်တော်က အရာအားလုံးကိုဆုံးရှုံးပြီးသား
ခင်များလေးအပါအဝင်ပေါ့..."Jungkook အား အခင်းများလျှော်ခိုင်းထားပြီး Taehyung ကတော့ အေးအေးလူလူပင် မနက်စာ အခန်းထဲလာပို့ရန်မှာထားပြီးမှ အရသာခံစားရင်း ရေသံကြားနေရသည့် ရေချိုးခန်းဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။
နေလဲမကောင်း မနက်စာတောင်မစားရသေးဘဲ အဝတ်တေလျှော်ခိုင်းထားသည်မို့ Taehyung စားလက်စ ခက်ရင်းအား ပြစ်ချကာ မျက်ရိုးကို လက်ဖြင့်ဖိလိုက်ရင်း