Zawgyi
လူကုံထံတွေသာနေသည့် ကျောင်းမှာ Jungkookကတော့ သူငယ်ချင်း အပေါင်းအသင်းဆိုတာမရှိ တစ်ယောက်ထဲ သီးသန့်နေဖြစ်တာများသည်။
ကျောင်းထဲရောက်သည်နှင့် မည်သူကိုမှ မကြည့်တော့ဘဲ အတန်းဘက်သို့သာထွက်လာပြီး ဒုတိယအထပ်သို့တက်ခါနီးတွင် အနောက်ကနေ ခြေထောက်အားဖြတ်ကန်ခံလိုက်ရတာကြောင့် လှေကားနားတွင် ကျုံ့ကျုံ့လေး လဲကျသွားပြီး တိုင်နဲ့စောင့်မိကာ ခေါင်းပေါက်သွားသည်။
"အဟက်.... အခုမှ နေရာမှန်ကိုရောက်သွားတာဘဲ .... လိုက်ခဲ့..."
သေချာပေါက် Kim Taehyung ရဲ့အသံပင်။
ခနဲ့ကာ ပြောပြီးတက်သွားသည့် Taehyungအား Jungkook ဘာတစ်ခွန်းမှ မချေပနိုင်ပေ။ သွေးထွက်နေသည့် နဖူးမှ ဒဏ်ရာအားဖိထားပြီး ခဏငြိမ်နေလိုက်သည်။သူစိတ်ကျေနပ်ရင် အဆင်ပြေပါတယ်ဆိုသည့် စိတ်နဲ့သာ Jungkook အမြဲသည်းခံပေးတတ်သည်မို့ တစ်ခါတစ်ရံ Taehyungက ကိုယ်ထိလက်ရောက် အနိုင်ကျင့်တတ်သည်။
လှေကားနားတွင် သူတစ်ယောက်ထဲရှိနေတာမဟုတ် အတန်းထဲသွားမည့် မိန်းကလေးတွေပါရှိနေတာကြောင့်Jungkookအား လှောင်ပြုံးများဖြင့် ဝိုင်းကြည့်လျက် ရှောင်ဖယ်သွားကြသည်။
Jungkookလဲ ခပ်သွက်သွက်ထကာ ကြောပိုးအိတ်ထဲက ပုဝါဖြင့် ဒဏ်ရာကိုဖိထားရင်း Taehyung နောက်သို့လိုက်သွားပြီး အပေါ်ဆုံးအထပ်သို့ရောက်လာသည်။
"အကိုလေး ဘာများခိုင်း......"
ခွပ်.......
ဒေါသဖြင့်ဆွဲထိုးလိုက်သည်မို့ နောက်ကိုလဲကျသွားပြီး နှာခေါင်းသွေးပါလျှံကျလာသည်။"ဘာကြောင့်လုပ်လဲဆိုတာ သိချင်သေးလား..."
မနက်က ဆူခံခဲ့ရသည့် ကိစ္စကို မကျေနပ်သေးမှန်းသိတာကြောင့် မေးခွန်းအား သူ့အမှားဆိုသည့်စကားဖြင့်သာ ငြင်းလိုက်သည်။
" ကျွန်တော့်အမှားပါ..."
"အဲ့လိုတော့ သိသေးသားဘဲ....ထ"
အားယူပြီး ထလာသည့် Jungkookအား အားပါပါဖြင့်ထပ်ထိုးလိုက်ပြန်သည်။
"မင်းကြောင့် ငါအဆူခံလိုက်ရတာ ငါ့ကိုဖေဖေက အော်တာ.... မင်းကြောင့်... တောက်စ်.."