JaeHyun ဒီနေ့လဲ အပြင်က စောစော ပြန်ခဲ့သော်လည်း ဟိုတစ်ယောက်က မရှိပေ။ သူအတန်းနောက်ကျတယ်ထင်လို့ ဧည့်ခန်းထဲ သူတစ်နာရီလောက် စောင့်ကြည့်သော်လည်း မရောက်လာပေ။"ခုထိ ပြန်မလာရအောင် ဘာလုပ်နေတာလဲ"
သူမကျေနပ်ချက်တွေ ပြောရန်ပြင်နေတုန်း ဖုန်းက မြည်လာတာကြောင့် သူ contact name ကြည့်မိတော့ Yuri ဖြစ်နေတာကြောင့် သူတစ်ချက်ပြုံးကာ ဖြေဆိုသည့် ခလုတ်အား နှိပ်လိုက်တယ်။
"ကျွန်တော် အခုထွက်ခဲ့မယ်နော် noona"
JaeHyun ဖုန်းချပြီးတာနဲ့ Yuri ကိုသွားခေါ်ဖို့ ပြင်လိုက်တယ်။အိမ်မှာတစ်ယောက်ထဲ နေရတာကြောက်တယ်ဆိုတဲ့ စကားကြောင့် သူစောစောတွေ ပြန်လာတာကိုတော့ ဝန်မခံချင်ပေ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"TaeYong မင်းတကယ် အိမ်ပြန်ချင်လို့လား ငါမရှိလဲ မင်းတစ်ယောက်ထဲနေလို့ရတာပဲကို"Yuta ရဲ့ မေမေ က ဆေးရုံတင်ထားရတဲ့ အတွတ် Yuta ကဂျပန်ကို ခဏပြန်ရမှာကြောင့် သူ့အိမ်ပြန်ဖို့ အကြောင်းက ဖန်လာတော့တယ်။
"မင်း မိဘတွေဆီသာ စိတ်ဖြောင့်ဖြောင့်နဲ့ ပြန်ပါကွာ"
"ငါ အခုပြန်ပို့မယ် ဟိုကောင်မင်းကို တစ်ခုခုလုပ်တာနဲ့ ငြိမ်ခံမနေနဲ့နော် ငါ့ကိုလဲ ဖုန်းဆက်ပြောဦး"
"ဟုတ်ကဲ့ပါ သူငယ်ချင်းအဖေရေ"
ကားပေါ်ထိရောက်တာတောင် မှာတမ်းတွေခြွေတာ မပြီးသေးတဲ့ သူ့သူငယ်ချင်းဖြစ်သူကို TaeYong ခပ်နောက်နောက်လေး ပြန်ဖြေလိုက်တော့ ရယ်လာခဲ့တယ်။
"ငါက အကောင်းပြောတာပါကွ အိမ်ထဲထိ ငါဝင်ပို့ပေးရမလား"
"လေယာဉ်ချိန် မမှီပဲနေမယ် ဟိုရောက်ရင် omma ဘယ်လိုနေလဲ ပြောဦး"
"ဟုတ်ပြီ သွားပြီ bubu"
"ချီး bubu လား"
သူ့ကို နောက်ပြောင်ကာ ကားမောင်းပြီး ထွက်သွားတဲ့ Yuta ရဲ့ကားပျောက်တဲ့ အထိ သူကြည့်နေလိုက်တယ်။ကားက မြင်ကွင်းထဲက ပျောက်ပြီဆိုမှ သူအိမ်ဘက်လှည့်လာလိုက်တယ်။
"အိမ်က တိတ်ဆိတ်နေတာပဲ JaeHyun ဟို မိန်းကလေး ကိုသွားခေါ်နေတာထင်တယ် "