"မောင်... noona စဉ်းစားပြီးပြီ noona တို့ လက်ထပ်ရအောင်"
Yuri noona ရဲ့ ခဏလောက်တွေ့ကြရအောင်ဆိုတဲ့ စကားကြောင့် သူမ ချိန်းတဲ့ နေရာကို သူထွက်လာပြီး သူမနဲ့ လက်ထပ်ရန်ပြောနေတာကြောင့် JaeHyun အံ့ဩမိသွားတယ်။
"ဟင်!..ကျွန်တော့်ကို တွေ့ဖို့ခေါ်တာ ဒါပြောမလို့လား"
JaeHyun မကျေနပ်ဟန်ပြောလိုက်တော့...
"မောင်က ဘာပြောစေချင်လို့လဲ"
"ကျွန်တော် တစ်ယောက်သောသူကို ချစ်မိနေပြီ"
"ဘယ်လိုပြောလိုက်တယ်မောင်"
"ကျွန်...ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်တို့ ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး ကျွန်တော်တို့ ထပ်မတွေ့ကြရအောင် noona"
JaeHyun သူမကို ငြင်းမိတယ် သူ့နှလုံးသားရဲ့ အဖြေကို အချိန်ကြာမှ သိပေမယ့် သူကတော့ ထိုနှလုံးသား ပိုင်ရှင်ကို ရေမြေဆုံးသည်အထိ လိုက်ရှာမည်။
"ဘာလို့လဲ အကြောင်းပြချက်ကို သိချင်တယ် ဘယ်အရာကများ noona တို့ကို ခွဲစေရတာလဲ မဟုတ်မှ Lee TaeYong ကြောင့်လား သူနဲ့မောင် ကွာရှင်းပြီးပြီမလား "
"noona ကဘယ်လိုသိတာလဲ"
"မှန်နေတာပဲ သူ့ကို noona ဒီလောက်ပြောခဲ့တာတောင် သူကမောင့်ကို လက်မလွှတ်နိုင်သေးဘူးလား "
သူမက TaeYong ကိုအပြစ်တင်ဟန်ပြောလာလေတော့...
"ဒါဆို သူအဲ့မှာ လက်မှတ်ထိုးခဲ့တာ ခင်ဗျားကြောင့်ပေါ့ သူ့ကို ဘာတွေပြောခဲ့တာလဲ"
"မောင် တို့ကိုအော်နေတာလား အခု"
JaeHyun သူ့ရှေ့က Yuri ကိုအော်မိတာကိုတောင် သတိမထားမိပေ သူ့စိတ်ထဲ အခုရှိနေတဲ့အရာက Lee TaeYong သာပင်။
"သူ့ကို ဘာပြောခဲ့တာလဲလို့ မေးနေတယ်လေ"
JaeHyun သူမနဲ့ စကားအပိုတွေဆက်မပြောချင်ပေ။
"noona မှာ မောင်နဲ့ရတဲ့ ရင်သွေးလေး ရှိနေပြီလို့ ပြောလိုက်တာ noona မှားလို့လား နောက်လဲ ဖြစ်လာမယ့် ကိစ္စပဲကို"
သူမက လုံးဝ နောင်တရဟန်မရှိသဖွယ်ပြောလာလေသည်။
"နောက်တစ်ခါ ကျုပ်ရှေ့ကို လုံးဝ မပေါ်လာနဲ့ မဟုတ်ရင် ဘာလုပ်မိမလဲဆိုတာ အာမ မခံနိုင်ဘူး"