"JaeHyun... TaeYong ခြေထောက်သက်သာရဲ့လား အတန်းကော တက်နိုင်ရဲ့လား"ကျောင်းရောက်ရောက်ချင်း ဆရာ Min San က TaeYong အကြောင်း လာမေးနေတာကြောင့် JaeHyun တစ်ယောက်ဒေါသထွက်မိတယ်။
"သက်သာတယ် အတန်းလဲလာတက်တယ်"
"အော် JaeHyun ကသူနဲ့ခင်လို့ မေးကြည့်တာ ဆရာသွားပြီနော် အတန်းထဲအာရုံစိုက်ဦး"သူနဲ့ TaeYong ရဲ့ ပတ်သတ်မှု့ကို လေ့လာရေးခရီးတုန်းက သူထုတ်ပြောခဲ့ပေမယ့် ထိုအကြောင်းကို ထို ရေတခွန် မှာ ရှိတဲ့လူတွေသာ သိတာကြောင့် ဆရာ Min Sanကလဲရေတခွန်မှာ မရှိတာကြောင့် သိမှာမဟုတ်ပေ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"မင်း သွားရတာ သိပ်အဆင်မပြေရင် ငါပဲဝယ်ခဲ့မယ်လေ မင်းဘာမှာမလဲ""စားနေကျအတိုင်းပဲ Sandwich နဲ့ Bluehawaii "
ခြေထောက်ကသက်သာပြီဆိုပေမယ့်လမ်းလျှောက်ရတာ သိပ်အဆင်မပြေသောကြောင့် Yuta ကပဲ သူစားဖို့ ဝယ်ပေးတယ်။
"TaeYong...နေ့လည်စာ သွားမစားဘူးလား ခြေထောက်ကော ဘယ်လိုလဲ"
TaeYong Yuta ကိုထိုင်စောင့်နေတုန်း ဘေးကို ဆရာက ရောက်လာခဲ့လေသည်။
"ခြေထောက်သိပ်မကောင်းလို့ နေ့လည်စာကို Yuta ကသွားဝယ်ပေးတယ် ဆရာ"
"TaeYong နဲ့ စကားပြောချင်သေးပေမယ့် ဆရာ assignment တွေစစ်ရမှာမို့သွားတော့မယ်နော် ဒါနဲ့ TaeYong ရဲ့ acc ဆရာ့ကိုပေးပါဦး"
ဆရာ Min San ကသူ့ဖုန်းကို ထိုးပြကာ scan ဖတ်နေတာကြောင့် သူ့ရဲ့ phone ပါထုတ်ပေးလိုက်ရတယ်။
"ဒါဆို ဆရာသွားပြီနော်"
TaeYong ကိုနှုတ်ဆက်ပြီးတာနဲ့ ထုံးစံအတိုင်း ဆံပင်လေးကို ဆွဲဖွဖို့ လက်လှမ်းလိုက်ပေမယ့် သူ့လက်က လမ်းတစ်ဝက်တွင် ရပ်သွားရတယ်။
"ဆရာက ကျွန်တော့ ယောင်္ကျားနဲ့ အရမ်း ရင်းနှီးတယ်နော် TaeYong ကကွာ နည်းနည်းတောင်မပြောပြဘူး"
JaeHyun ကရောက်လာကာ TaeYong မျက်နှာကို သူ့လက်နှစ်ဖက်နဲ့ ပင့်တင်ထားတယ်။ TaeYong ဆံပင်ကို ဖွမယ့် Min San ရဲ့လက်က လမ်းတစ်ဝက်တင် ပြုတ်ကျသွားတယ်။
BoYoung ရဲ့ စီနီယာ့စီ သွားမလို့ ခဏလိုက်ခဲ့ ဆိုတဲ့စကားကြောင့် သူ ဒီဘက်ရောက်ခဲ့ပေမယ့် သူ့ကို ထိုသို့ ကြိုဆိုလိုက်တာကြောင့် ဒေါသထွက်နေတဲ့ စိတ်ကို ဖုန်းကွယ်လို့ သရုပ်ပြလိုက်တယ်။