"TaeYong မျက်နှာလဲမကောင်းပါလား"ကျောင်းကို ရောက်သည်နှင့် သူ့နဖူးပြင်ကို စမ်းကာ စိတ်ပူနေသည့် Yuta ။
"မင်းထင်လို့ပါ ကောင်းပါတယ်"
"ကောင်းရင်လဲ ပြီးတာပါပဲ ငါ မင်းကို ရင်ဖွင့်စရာတွေ အများကြီးရှိတယ်"
"ကျောင်းခေါင်းမိုးထပ်သွားမလား"
သူတို့ နှစ်ယောက်လဲ တစ်ယောက်ကို တစ်ယောက် မျက်စ ပစ်ကာ အတန်းလစ်ပြီးထွက်လာလိုက်တယ်။
"ယူဦးမလား Yuta"
"မယူတော့ဘူး မင်းဘယ်တုန်းက Cigarette သောက်တတ်သွားတာလဲ"
"မကြာသေးဘူး"
"TaeYong ရယ် မလုပ်စမ်းပါနဲ့ တည့်တာလဲမဟုတ်ဘူး မကောင်းတာတွေကို စမ်းတောင်မစမ်းနဲ့"
သူ့လက်ထဲက Cigarette ကို Yuta ကို ပေးလိုက်တော့သူ့ကို ဆုံးမလာတဲ့ သူရဲ့ သူငယ်ချင်းလေး။
"မင်းကကွာ တကယ်ငါ့ရည်းစားကျနေတာပဲ "
"အကောင်းပြောနေတာကွ မလုပ်စမ်းနဲ့"သူ့ကို စိတ်ပူသလိုပြောလာတဲ့ သူငယ်ချင်းလေး စကားကြောင့် သူပြုံးကာ ခေါင်းညှိတ်ပြလိုက်တော့ Yuta ကသူ့ခေါင်းကို ပုတ်လာတယ်။
"မင်းပြောမယ်ဆိုတာ ဘာလဲ"
"ငါ..ငါတစ်ယောက်ယောက်ကို ကြိုက်နေပြီထင်တယ်"
"ဝေါင်း ဘယ်သူများလဲ ပြောပါဦး"
Yuta ကရှက်လာသယောင် ပါးနဲ့ နာရွက်အစွန်းတို့က ရဲလာတာကြောင့် TaeYong အသံထွက်အောင်ရယ်မိတယ်။ သူ့သူငယ်ချင်းတောင် ချစ်တဲ့လူရှိနေပြီပဲ။
"သူက 1st year ကပဲ JaeHyun ဆိုလား"
"ဟမ်! Jae.. JaeHyun ကိုလား"
"စကားဆုံးအောင်နားထောင်ပါ bubu ရယ် သူရဲ့ သူငယ်ချင်းလေ WinWin တဲ့"
"အစထဲက ရှင်းအောင်ပြောမှပေါ့"
"အဲ့တစ်ယောက်က နာမည်ကြီးတော့ မင်းများသိမလားလို့လေ"
"အခုကော ဘယ်လိုလဲ အဆင်ပြေရဲ့လား"
"ပြေတယ် Acc တွေတောင် Add ပြီးပြီ စကားလဲပြောပြီးပြီ"
"အေးပါကွာ ဂုဏ်ယူပါတယ်"
YOU ARE READING
Because of you
Fiksi Penggemarမိဘသဘောတူလို့ လက်ထပ်လိုက်ရတဲ့ ကောင်လေးနှစ်ယောက်အကြောင်း