09

44 5 1
                                    


"သူ့ကို ကျွန်တော့်ကိုပေးပါ Yuta shi"

TaeYong ကို ကျောပိုးကာ ရေထဲက တက်လာတုန်း အပေါ်ကို ရောက်တာနဲ့ TaeYong ကိုသူ့ကိုပေးရန်ပြောနေတဲ့ JaeHyun ကို သူတင်မက အားလုံးက ဝိုင်းကြည့်နေကြတယ်။

"ဘာလို့လဲ ကျွန်တော့် ယောင်္ကျားကို ကျွန်တော့်တောင်းတာ ဘာမှားလို့လဲ"

အားလုံးဝိုင်းကြည့်နေသောကြောင့် JaeHyun စိတ်ထဲက စကားများ အပြင်ကိုထွက်ကြလာတော့သည်။

"JaeHyun..."

"ဟင် ယောင်္ကျား"

"JaeHyun နဲ့ အဲ့တစ်ယောက်က ဘာတွေလဲဟ"

"ယောင်္ကျားဆိုတော့လက်ထပ်ထားတာလား"

JaeHyun စကားကြောင့် သူတို့နဘေးက ထိုစကားကိုကြားတဲ့ လူတိုင်းက တစ်ယောက်တစ်ပေါက်ဖြစ်ကုန်ကြတယ်။ကျွန်တော် ကိုယ်တိုင်လဲကြောင်လို့ JaeHyun က ကျွန်တော့်ကို လူကြားထဲ သူ့ ယောင်္ကျားလို့ပြောတယ်ပေါ့။

"JaeHyun...နင်..နင်နဲ့စီနီယာက"

"ဟုတ်တယ် ဒီ 3rd year က Lee TaeYong က ငါနဲ့ လက်ထပ်ထားတာပဲ"

JaeHyun စကားကြောင့် အားလုံးက ကြောင်ကုန်ကြတယ်။ ဘေးက BoYoung ကလဲ ပါးစပ်ကလေးအဟောင်းသားနဲ့။

"ခင်ဗျား အခုထိ အဲ့ကျောပေါ်က မဆင်းနိုင်သေးဘူးလား Jung TaeYong..ကျုပ်ကိုဆွဲချစေချင်တာလား"

သူများကျောပေါ်မှာ ပြုံးကာ ပါလာတဲ့ TaeYong ကြောင့် သူ့စိတ်ထဲ ဘယ်လိုတွေဖြစ်ကုန်မှန်းမသိ ထို့ကြောင့် သူ့မျိုးရိုး နာမည်ကိုပင် တပ်ကာ ခေါ်လိုက်မိတယ်။

"TaeYong မင်းဆင်းမှာလား"

"ငါ့ကို ချပေးလိုက် Yuta "

JaeHyun ဘယ်လောက်ခေါင်းမာလဲ သူသိတယ်။ ဒီကောင်လေးက ဒါလုပ်မယ်ဆို လုပ်ရမှ သူ့ကြောင့်နဲ့ Yuta နဲ့ JaeHyun ကို ပြသနာမဖြစ်စေချင်ပေ။

"JaeHyun ငါ့ကို ကျောပိုးစရာမလိုပါဘူး ငါ့ဘာသာထိန်းပြီး လျှောက်လိုက်မယ်"

"ခင်ဗျားပါးစပ်ပိတ်ထား"

မတ်တပ်လေး ရပ်နေတဲ့ TaeYong ကိုကောက်ပွေ့ကာ သူပြောလိုက်တော့ TaeYong လက်လေးတွေက သူ့လည်တိုင်ကို ဖက်လျက်သားလေး နဲ့ ဘာအသံမှ မထွက်လာတော့။
JaeHyun ကတစ်လမ်းလုံး ဘာစကားမှဆက်မဆိုဘဲ သူ့ကို ပွေ့ပြီးသာ သူတို့နေရာစီ ချီလာခဲ့တယ်။

Because of you Where stories live. Discover now