Part 8 (U+Z)

318 20 2
                                    

Unicode

"လျှံ ရေထအုံး"

"အွန်းးဘာဖြစ်လို့လဲ"

"ကျွန်တော်နဲ့လိုက်ခဲ့ပါလား"

"ဘယ်ကိုလဲမဏ္ဏိရဲ့"

"ဝလ္လာနဲ့ sunrise သွားရိုက်ရမှာလိုက်ခဲ့နော်"

"လျှံအခန်းမှမပါတာ"

"လျှံကလဲကွာကျွန်တော်ကလိုက်စေချင်လို့ကို"

မဏ္ဏိကလျှံကိုမျက်နှာငယ်လေးနဲ့ပြောနေတာဖြစ်သည်

"မဏ္ဏိရယ်မျက်နှာကဘာဖြစ်တာလဲ"

"ကျွန်တော်ကလျှံကိုလိုက်စေချင်တာလေ"

"ဘာလို့လိုက်စေချင်တာလဲ"

"လျှံရှိနေတော့ကျွန်တော်အားတွေရှိတာပေါ့လျှံရဲ့လျှံမျက်နှာလေးကိုမြင်ရင်ပင်ပန်းတာတွေပါအကုန်ပျောက်သွားရော"

"ဟုတ်ပါပြီလိုက်ခဲ့ပါ့မယ်"

"အဲ့ဆိုရေမြန်မြန်သွားချိုးနော်လျှံရေပူလေးပါစပ်ပြီးချိုးမဟုတ်ရင်အအေးပတ်မယ်"

"ဟုတ်ပါပြီခင်ဗျာ"

လျှံရေချိုးနေတုန်းမဏ္ဏိတစ်ယောက်လျှံရဲ့အဝတ်အစားတွေကိုထုပ်ပေးမိသည်သူကိုယ်တိုင်ဘာတွေလုပ်နေမိလဲမသိပါအရင်ကဆိုရင်ဘယ်သူ့ကိုမှအခုလိုအကျီမထုပ်ပေးဘူးပါ

"လျှံ လျှံရေ"

"ဗျာ"

"မြန်မြန်ချိုးလေလျှံရယ်အအေးပတ်တော့မှာပဲ"

"ပြီးပါပြီကိုမဏ္ဏိရဲ့"

"ဟုတ်ပါပြီဗျာ"
~~~~~~~~~~~~~~~~~~~~

"ကယ်အခုဓာတ်ပုံရိုက်ချင်ရိုက်ကြတော့"

အခုကမဏ္ဏိနဲ့ဝလ္လာနဲ့အခန်းရိုက်ပြီးသွားတော့ဒါဒါကြီးကဓာတ်ပုံရိုက်ချင်ရိုက်လို့ပြောနေတာဖြစ်သည်

"ဒီနေ့ငါ့သားလေးပါမှနေကထွက်တယ်လှလိုက်တာမှ"

"ကျွန်တော်ကိုယ်တိုင်မနည်းနိုးပြီးခေါ်လာရတာလေ"

"ဟုတ်ပါပြီမဏ္ဏိရယ်"

"အရင်နေ့တွေကလာရိုက်တာနေကသေချာမထွက်ဘူးလျှံပါလာမှပဲနေကထွက်တော့တယ်"

မိုးဖွဲလေးများကြားမှပေါ်ပေါက်လာသောရင်ခုန်သံWhere stories live. Discover now