Unicode
"မဏ္ဏိသတိထားအုံးလေ"
မဏ္ဏိတစ်ယောက်သူရဲ့အခန်းတွေများတော့ပင်ပန်းပြီးလူကမူးနေတာဖြစ်သည်
"မဏ္ဏိဆေးလေးသွင်းလိုက်ပါလား"
"ဟုတ်တယ်မဏ္ဏိရယ်ဆေးလေးသွင်းလိုက်ပါ"
"ကျွန်တော်ရတယ်မသွင်းတော့ဘူးဆက်ရိုက်မယ်လေ"
"ဘာကိုရတာလဲမဏ္ဏိရယ်နေမကောင်းတာကိုဆေးလေးတော့သွင်းလိုက်ပါနော်"
"ဟုတ်တယ်နင့်ကိုKelvinဘာမှမပြောဘူးကိုယ်ကကျန်းမာရေးမကောင်းတာကိုဆေးသွင်းလိုက်ပေါ့"
"မဏ္ဏိရယ်လိမ္မာပါတယ်နော်"
မိဘရယ်လျှံရယ်ကမဏ္ဏိကိုစိတ်ပူပြီးဆေးသွင်းဖို့ပြောနေတာဖြစ်သည်
"အင်းပါသွင်းလိုက်ပါ့မယ်"
"လျှံစောင့်ပေးမယ်နော်မဏ္ဏိသေချာလေးအိပ်လိုက်တော့"
"ကျေးဇူးပါနော်"
"မလိုပါဘူးမဏ္ဏိရယ်စကားမများနဲ့အိပ်တော့"
"ဟုတ်"
~~~~~~~~~~~~~~~~~~~~~"သား"
"သားလေး မေမေ့ရဲ့ဆန္ဒကိုသားကလက်ခံလိုက်လို့ငါ့သားလေးနောင်တရနေလား သားရယ်မေမေ့ရဲ့ဆန္ဒကလေမေမေကမြေးတွေအများကြီးနဲ့နေချင်တာသားရဲ့ ပြီးတော့မေမေ့မှာကဒီသားလေးတစ်ယောက်ထဲရှိတာလေ သား မေမေကသားကိုပဲအားကိုးရမှာသားရဲ့"
"သားလဲလေ ဟို မဏ္ဏိနဲ့အတူတူကလေးတွေအများကြီးနဲ့နေသွားချင်တာမေမေရဲ့ မေမေလဲမဏ္ဏိကိုချစ်တာပဲလေ မေမေရယ်သားရယ်မဏ္ဏိရယ်ပြီးတော့ သားတို့ရဲ့ကလေးလေးတွေရယ် ဘယ်လောက်တောင်ပျော်စရာကောင်းလိုက်မလဲနော်"
"ဟင်းး သားရယ်မဖြစ်နိုင်တဲ့အရာတွေကိုသားကဘာဖြစ်လို့တောင်းတနေတာတုန်း"
"မေမေသိလားသားလေစုံစမ်းပြီးသွားပြီ ဟိုသားတို့ရဲ့သွေးသားတွေနဲ့ကလေးယူလို့ရနေပြီတဲ့ ဟိုမေမေလိုချင်တဲ့မြေးတွေလဲလေအများကြီးယူလို့ရတယ်မေမေရဲ့ အငှားကိုယ်ဝန်ဆောင်တာလဲခတ်စားနေပြီလေ သား သားမဏ္ဏိကိုချစ်တယ်မေမေ မေမေသဘောတူပေးပါလားနော် သား သားမဏ္ဏိကိုဖွင့်ပြောလိုက်မယ်လေမေမေ"

YOU ARE READING
မိုးဖွဲလေးများကြားမှပေါ်ပေါက်လာသောရင်ခုန်သံ
RomansaVitashine fan fic Vitashineရဲ့အပြင်တကယ့်လက်တွေ့ပုံစံမျိုးလေးရေးထားတာပါ