Part 13 (U+Z)

359 17 6
                                    

Unicode

အခုဆိုရင်ရှိုင်းတို့ Banga Beginning Series ကမထင်ထားလောက်အောင်အရမ်းအောင်မြင်နေသည်အခုဆိုရင်ရှိုင်းတို့ကိုချစ်တဲ့ပရိတ်သတ်တွေလဲတိုးလာပြီဖြစ်သည်မိဘရောဒါဒါကြီးရောနှစ်ယောက်လို့အခုလိုအောင်မြင်မယ်လို့မတွေးထားခဲ့ဖူးဘူးအခုလိုအောင်မြင်နေတော့ရှိုင်းတို့တွေအကုန်ပင်ပန်းရကျိုးနပ်သည်

"ငါတို့အရမ်းပျော်တယ်သိလားအခုလိုအောင်မြင်မယ်လို့မတွေးဖူးဘူး"

"အခုကငါတို့ကြိုးစားမှုရဲ့ရလဒ်ပဲလေ"

"ဟုတ်တယ်အကိုရဲ့အကုန်လုံးတော်ကြလို့ပါ"

"နော်မောင့်ရှိုင်းလေးလဲတော်တော်ပင်ပန်းသွားပြီ"

ဗီတာတစ်ယောက်မိဘတို့အရှေ့မှာသူနဲ့ရှိုင်းအမြဲခေါ်နေကြနာမည်လေးကိုယောင်ပြီးထွက်မိသွားတာဖြစ်သည်
ရှိုင်းကတော့ဗီတာ့ကိုလက်တို့နေရသည်

"ဗီတာဘယ်လိုခေါ်လိုက်တာလဲ"

"ဘယ်လိုမှမခေါ်ပါဘူးရှိုင်းလေးလို့ခေါ်တာလေမိဘရဲ့"

"ဘာရှိုင်းလေးလဲအဲ့အရှေ့ကဟာကိုပြောတာ"

"နှစ်ယောက်ကတွဲနေကြတာလား"

ကိုKelvinကပါမိဘနဲ့အတူတူဝင်မေးလာတာဖြစ်သည်

"ဟို ဟို"

"ကျွန်တော်ပြောမယ်"

"အေး ပြောပါအုံး"

"ဟို ကျွန်တော်တို့တွဲနေကြတာမိဘ"

"ကြာပြီလား"

"မကြာသေးပါဘူး"

"ဘယ်ထဲကတွဲနေကြတာလဲ"

" Bagan Beginning စပြီးထုတ်လွှင့်ထဲအချိန်ထဲကပါ"

"ငါတောင်မသိရပါလား"

"ဘယ်သိရမလဲခိုးတွဲပါတယ်ဆို"

"မင်းကိုငါမပြောဘူးနော်"

"မပြောလဲနေ"

"ကယ်ပါထားတော့ မိဘတို့ကတော့ခွင့်ပြုပါတယ်"

"တကယ်လားမိဘ"

ခုနကရှိုင်းရဲ့မျက်နှာလေးကငြိုးနေသလောက်အခုတော့ပြုံးနေနိုင်ပြီပေါ့

မိုးဖွဲလေးများကြားမှပေါ်ပေါက်လာသောရင်ခုန်သံWhere stories live. Discover now