chapter 11

647 76 0
                                    

👥️Chapter 11

ယန်အန်းယုသည် “လက်ဝှေ့ကျော်” အတွက် သူ ရိုက်ကူးရမည့် အခန်းများအားလုံး ပြီးစီးသည်နှင့်တစ်ပြိုင်နက် ရိုက်ကွင်းမှ ထွက်သွားမည်ဖြစ်ကြောင်း သိထားသည့်တိုင် ယွီစစ်ယွမ်မှာ မကျေမလည် ဖြစ်နေဆဲပင်။ အများ၏ အာရုံစိုက်မှုအား စုပြုံရရှိထားသည့် ယန်အန်းယုကို လုံးဝ သည်းမခံနိုင်တော့သည့်အတွက် သူ့ကို သင်ခန်းစာပေးရန် ကြံစည်ခဲ့တော့သည်။ ထိုအမြင့်မှ  ပြုတ်ကျလာသည့်တိုင် ယန်အန်းယုသည် အရိုးများ ကျိုးသွားရုံမှအပ ဆိုးဆိုးရွားရွား ဖြစ်လိမ့်မည် မဟုတ်ချေ။ သူ စီစဉ်ထားသည့်အတိုင်းသာ မလွဲမသွေ ဖြစ်ပွားခဲ့ပါလျှင် ယန်အန်းယုသည် ဆေးရုံတက်ကာ လအနည်းငယ်ခန့် ပြန်လည်ထူထောင်ရေး လုပ်ရမည် ဖြစ်သည့်အတွက် သူ့နေရာတွင် နောက်ထပ် စတန့်သမားတစ်ဦးကို အစားထိုးလိုက်ရမည် ဖြစ်သည်။

ဒါပေမယ့် ယန်အန်းယုက အသေးအဖွဲ ဒဏ်ရာလေးတွေပဲ ရသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ .. ပြီးတော့ သူက ယန်ကျွယ့်ရဲ့ ....

အခုဆို ယီချန်းယန်ကအစ သူ့ဘက်ကနေ ရပ်တည်ပေးနေပြီ ...

ရည်မှန်းချက် ပြည့်ဝသွားပြီ ဖြစ်သည့်အတွက် ယီချန်းယန်သည် နောက်ထပ် ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ အမြန် ပြန်ထွက်သွားလိုက်တော့သည်။

****

ယန်အန်းယုသည် နှစ်ရက်ခန့် အနားယူပြီးနောက် သူ ရိုက်ကူးပေးရမည့် အခန်းများအားလုံးကို အပြီးသတ်ကာ “လက်ဝှေ့ကျော်”  ရိုက်ကွင်းမှ ထွက်လာခဲ့လိုက်သည်။

သို့သော် .. ဆေးရုံတက်နေစဉ်အတွင်း အမည်မသိ နံပါတ်မှ နောက်ထပ် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

[ ပြန်သက်သာလာတဲ့အထိ ကောင်းကောင်း အနားယူလိုက် … ]

စာပါအကြောင်းအရာမှာ လက်ရှိ သူ ကြုံတွေ့နေရသည်နှင့် အလွန် တိုက်ဆိုင်နေရာ .. ယန်အန်းယုမှာ အလွန် အံ့ဩမိသွားတော့သည်။ ဤတစ်ကြိမ်တွင်မူ သူက စာပြန်မပို့တော့ဘဲ ထိုဖုန်းနံပါတ်ကို တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

ကံမကောင်းစွာဖြင့် .. တစ်ဖက်တွင် ဖုန်းကိုင်မည့်သူ မရှိ၊ စက်ပိတ်ထားသည့် အသိပေးချက်ကိုသာ ကြားခဲ့ရသည်။

ရုပ်ရှင်ဧက္ကရာဇ်၏ခေတ်ဟောင်းမှချစ်ဇနီးလေးWhere stories live. Discover now