chapter 29

492 49 0
                                    

Chapter 29
June 03, 2024
👥️Chapter 29

ယန်အန်းယု၏ နားရွက်ဖျားများ သိသိသာသာ ပူပြင်းလှကာ ချက်ခြင်းဆိုသလို ရုန်းထွက်လိုက်ချင်သော်ငြား ယခုလက်ရှိအချိန်မှာ လှုပ်ရှားလိုက်၍ အဆင်မပြေချေ။

“ကောင်းတယ် .. ရိုက်ကူးရေး စလိုက်ရအောင် ...”

ဒါရိုက်တာရှုက ညွှန်ကြားလိုက်သည်။

“ရှောင်ယီ အားလုံး အဆင်ပြေသွားပြီ အခု ကောကောလည်း ရှိနေပြီ ...”

ယွမ်ကျစ်မင်က အားခန်းကို ဖက်ထားရင်း နွေးထွေးလှသည့် လက်ဝါးပြင်ကြီးများဖြင့် နောက်ကျောကို ခပ်ဖွဖွ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

“ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မင်းက ကောကောရဲ့ ညီငယ်လေး ယွမ်ကျစ်ယီ ဖြစ်နေတုန်းပါပဲ ...”

ထိုသို့ ပြောနေရင်း လက်တို့ကို တစ်ဖြည်းဖြည်း အပေါ်သို့ တိုးကာ အားခန်း၏ ခေါင်းကိုပါ ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်သည်။

ယန်အန်းယုက ကြောင်အသွားကာ ဒါရိုက်တာရှု၏ အကြည့်တို့မှာမူ ချက်ခြင်း တောက်ပသွားတော့သည်။

ဇာတ်ညွှန်းထဲတွင် ထိုသို့သော အခန်းမျိုး မပါရှိချေ။

“cut …”

သူက ခပ်ပြုံးပြုံးဖြင့် ချီးကျူးလိုက်သည်။

“မဆိုးဘူ ချန်းယန် မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ ...”

အတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်သည့် အချို့သော သရုပ်ဆောင်များသည် သူတို့၏ ဇာတ်ကောင်အပေါ် ကိုယ်ပိုင် နားလည်သဘောပေါက်မှုအပေါ် အခြေခံကာ ပြီးပြည့်စုံသည့် ချိန်သားကိုက်မှုကို ရှာဖွေနိုင်ကြသည်။ ပုံမှန်အားဖြင့် အမူအယာ သို့မဟုတ် လှုပ်ရှားမှု အသေးလေး တစ်ခုကပင်လျှင် ဇာတ်ကောင်၏ စရိုက်ကို ကြွတက်လာကာ ပိုပြီး ရုပ်လုံးပေါ်သွားစေနိုင်ပေသည်။

ဒါရိုက်တာရှုက တစ်ခဏမျှ စဉ်းစားနေလိုက်သည်။ ငယ်စဉ်ကတည်းက  ယွမ်ကျစ်မင်သည် သူ့ညီလေး ယွမ်ကျစ်ယီ၏ ခေါင်းကို ပွတ်ပေးရခြင်းအား သဘောကျခဲ့သည်။ ယခုအချိန်တွင်လည်း ယီချန်းယန်က ထိုသို့သော အသေးစိတ် လှုပ်ရှားမှုလေးကို ဆောင်ရွက်လိုက်ခြင်းအားဖြင့် ပရိသတ်၏ နှလုံးသားကို အပြည့်အဝ သိမ်းပိုက်နိုင်သွားခဲ့တော့သည်။

ရုပ်ရှင်ဧက္ကရာဇ်၏ခေတ်ဟောင်းမှချစ်ဇနီးလေးWhere stories live. Discover now