chapter 22

775 81 1
                                    

Chapter 22
June 01, 2024
👥️Chapter 22

ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည့် ဒါရိုက်တာရှုက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ရှောင်ယုက အားခန်းဆိုတဲ့ ဇာတ်ကောင်အတွက် အရမ်းကို သင့်တော်တယ်လေ တစ်ခြား အကြောင်းအရင်းတွေအတွက်ကတော့ .. ငါ့ဘက်က ဒါနဲ့ ပတ်သက်ပြီး ထုတ်ပြောချင်စိတ် မရှိသလို သူ့ကိုလည်း အတင်း မျက်နှာလိုမျက်နှာရ လုပ်နေမှာ မဟုတ်ဘူး ရုပ်ရှင် ထွက်လာတဲ့အခါ ဘာလို့ ဒီလို ရွေးချယ်လိုက်ရတာလဲဆိုတဲ့ မေးခွန်းကို အားလုံး သဘောပေါက်သွားပါလိမ့်မယ် ...”

ရိုက်ကူးရေးမှာ စတင်ခြင်းပင် မပြုရသေးချေ။ သို့သော် ဒါရိုက်တာရှု၏ စကားများကို အကဲခတ်ခြင်းအားဖြင့် ယန်အန်းယုအပေါ် ထားရှိသည့် သူ၏ ယုံကြည်မှုကို ကောင်းစွာ သိနိုင်ပေသည်။

သူ့ထံမှ လိုချင်သည့် အဖြေကို မရတော့သည့်အတွက် သတင်းထောက်များသည် စင်ပေါ် တက်လာမည့် ယန်အန်းယုကို စောင့်ဆိုင်းကာ အထိအရှဖြစ်လွယ်သည့် မေးခွန်းများကို တရစပ် မေးမြန်းလာတော့သည်။

“ဟုတ်ကဲ့ ဥက္ကဌယန်နဲ့ ကျွန်တော်က တကယ်ကို ညီအစ်ကိုအရင်းတွေပါ သူက တကယ်ကို ကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်ပါ ...”

“တကယ်တမ်းတော့ “လက်ဝှေ့ကျော်”မှာ ပါဝင်ဖြစ်သွားတယ်ဆိုတာက မတော်တဆမှု တစ်ခုပါ အဲဒီ့တုန်းက ဒဏ်ရာရသွားတဲ့ စတန့်သမားအစ်ကိုကြီးနေရာမှာ အစားထိုး ဝင်လုပ်ပေးခဲ့တာလေ အွန်လိုင်းပေါ်က သတင်းတွေကိုလည်း တွေ့မိပါတယ် စိတ်ဝင်စားပေး ချစ်ပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ...”

“ကျွန်တော့်ရဲ့ သီချင်းဆိုစွမ်းရည်က အဲဒီ့လောက် မကောင်းပါဘူး ဒါပေမယ့် “မနက်ဖြန်များ၏ အသံ” မှာ ပါဝင်ပြီး ကျွန်တော် အရမ်း သဘောကျရတဲ့ သီချင်းကို ဆိုခွင့်ရတာကိုက ကံကောင်းနေပြီလို့ ခံစားမိပါတယ် ...”

ယန်အန်းယုက မည်သည့်အရာကိုမှ မငြင်းဆန်၊ အကြည့်တို့မှာလည်း ယောက်ယက်ခတ်နေခြင်း မရှိဘဲ အားလုံးကို တည်ငြိမ်စွာဖြင့် ကိုင်တွယ်ဖြေဆိုသွားခဲ့သည်။ တိုးလျှိုးခြင်းလည်း မရှိသလို ထောင်လွှားမောက်မာခြင်းလည်း မရှီသည့် သူ့သဘောထားကြောင့် အားလုံးသည် ဤလူသစ်လေးအပေါ် အထင်အမြင်ကောင်းများ ပေးမိသွားတော့သည်။

ရုပ်ရှင်ဧက္ကရာဇ်၏ခေတ်ဟောင်းမှချစ်ဇနီးလေးWhere stories live. Discover now