အပိုင်း (၃)

28 4 0
                                    

Unicode ver

မင်း ကိုယ်နဲ့ဆုံဖူးလားကလေးငယ်?

....

"နယ်အုပ်မင်းလာတာနဲ့ အတော်ပဲခင်ဗျာ
အဘတို့ ဒီနေ့တင်ဖြေရှင်းဖို့ပြဿနာရှိလာပြီ"

သူကြီးက စားပွဲဖြင့်သားသားနားနားထိုင်နေတဲ့နယ်အုပ်မင်းကို ကြည့်၍ပြောလာခြင်းပေ။

သည်ကနေ့ပင် ရုံးစဖွင့်တာမို့ နယ်အုပ်မင်း
အတွက်အလုပ်နေရာကဟန်ကျလို့နေသည်။
စာကြည့်စားပွဲက ရွာကလူများကိုယ်တိုင် ပြုလုပ်ထားသည်မို့ခိုင်ခံ့ပြီး အသင့်အတင့်ကျယ်ဝန်းလှသည်။ အချောသတ်ထားသည်မှာလဲ တင်ထားသောလက်ပင်ချောကျမတတ်ချောမွတ်နေ၏။

နယ်အုပ်မင်းကိုယ်တိုင်ကလဲ သပ်ရပ်တာမို့သဘောကျကြောင်း၊ သူနေရာနဲ့လည်းမဝေး အရိပ်လဲရတာမို့ အဆင်ပြေကြောင်းပြောတော့ သူကြီးမှာ ပီတိဖြစ်ရ၏။

သူတို့ရွာကလူတွေက ဒေသခေါင်ပေမယ့် ရောက်လာတဲ့ဧည့်သည် ဘယ်သူ့ကိုမဆို
အလွန်ပျူငှာတတ်ကြသည်။ အခုနယ်အုပ်မင်းကလည်း ကြင်နာတတ်ပြီးသဘောကောင်းတာမို့ရွာသားများကလွှတ်သဘောကျနေတော့တာပေါ့။ လူကြီးသူမကိုရိုသေလေးစားပြီး ရွာကလူများကိုပြုံးကာဆက်ဆံတဲ့သူ့ကို မနေ့ကတည်းကရွာသားများက သဘောကျနေပြီးသား။ အဲ့တာကြောင့် အခုလိုရုံးအသစ်ဖွင့်တော့ ရွာသားတချို့က စားစရာအသီးများနှင့်ခြံထွက်များကိုကြိုတင်ပေးသွားကြသည်မှာ ရုံခန်းပြည့်မတတ်ပင်။ မနက်ကတည်းကလာစောင့်နေကြလို့ သူကြီးအတင်းမောင်းထုတ်ရသည်များလဲရှိ၏။ နေ့လည်နေ့ခင်း နယ်အုပ်မင်းအတွက်ဟင်းပို့လိုသော လုံမများကလည်း
အပြည့်မို့ ဘကြီးဘဒင်တို့ကိုအားနာလို့တား
ထားရသေး၏။ သန့်ပြန့်ပြီးချောမောတဲ့ နယ်အုပ်မင်းရဲ့ရုပ်ရည်ကြောင့်ပင်လော မသိပါ။

"ကဲ ပြဿနာကို ကျွန်တော်တို့ဆွေးနွေးကြ
တာပေါ့ သူကြီးမင်းရယ်"

အရွက်များပြန့်ကျယ်အုပ်ထားသော တမာပင်အောက်ရှိ ရုံးလေးအတွင်း သူကြီးနှင့် နယ်အုပ်မင်းတို့ အစည်းအဝေးကို လွင်ပြင်အာရုံစိုက်နားထောင်နေမိ၏။

My RosyWhere stories live. Discover now