အပိုင်း (၄)

28 4 0
                                    

Unicode ver

တကယ်တော့ အတိတ်ဆိုတာအတိတ်ပါပဲ

....

အမောင်နဲ့သူ စတွေ့ခဲ့သည်က‌ ပြဇာတ်ရုံတစ်ခုရဲ့အရှေ့မှာပေါ့...

ဇာတ်ရုံရှေ့ရပ်ပြီးစိတ်ဝင်တစားကြည့်နေတဲ့အမောင်နဲ့ တစ်ခါမှမကြည့်ဖူးလို့ ကြည့်ဖို့ရောက်လာတဲ့သူ စပြီးတွေ့ခဲ့ကြတယ်ပေါ့။

ချုပ်ချယ်တဲ့မိဘလက်အောက်ကမို့ ခိုးထွက်
လာရတဲ့ လွင်ပြင်နဲ့အမောင် အမှတ်မထင်တွေ့ခဲ့ရာက အမောင့်ကိုလွင်ပြင်ရင်ခုန်ခဲ့ရပါတယ်။ လွင်ပြင် မိန်းမ‌ဖြစ်ချင်ခဲ့ပေမယ့်ယောကျာ်းလေးတွေကိုမကြိုက်ခဲ့ဖူးပါဘူး။
လွင်ပြင့်ပုံစံကြောင့် ကာလသားတွေလိုက်စ
နောက်တာခံရပေမယ့် လွင်ပြင်တစ်ခါမှရင်မခုန်ခဲ့ဖူးသလို ယောကျာ်းလေးကိုသဘောကျရကောင်းမှန်းမသိခဲ့ပါဘူး။ အမောင်ကသာ လွင်ပြင့်ကိုပြောင်းလဲစေခဲ့တာပါ။

အဲ့အချိန်က အမောင်ဟာယခုလိုခပ်တည်တည်မဟုတ်။ လူငယ်ဆန်ဆန် စ‌ကာနောက်ကာဖြင့် လွင်ပြင့်ကိုအရှက်ပိုစေခဲ့ပါသည်။
ပိုပြီးသွက်လက်သည့်ဟန်လည်းပေါ်လွင်ခဲ့သည်။ လွင်ပြင့်ကိုဖျာကူဝယ်ပေးတဲ့အပြင်
ညဈေးတန်းကိုလည်းအတူတူလျှောက်လည်ပေးခဲ့သေးသည်။ ဒါကြောင့် ဖွင့်သာမပြောခဲ့တာ အမောင့်ကိုအဲ့ကတည်းက လွင်ပြင်တိတ်တခိုးမြတ်နိုးခဲ့ရပါတယ်။

တကယ်အတိတ်မှာဖြစ်ခဲ့ကြပေမယ့် မနေ့တ‌နေ့ကလို လွင်ပြင့်ရင်ထဲမှာစွဲငြိနေပါသေးတယ်။

ဒါပေမယ့် အမောင်ကသူလျှိုဖြစ်တဲ့သူ့ကို စိတ်နာခဲ့ပုံပါပဲ။ မိန်းမဟန်ဆောင်ထားတဲ့သူဟူ၍ နောက်ပိုင်းတွေမဆက်သွယ်တော့ပါ။
အဲ့အချိန်ကစလို့ အမောင်မကြိုက်တဲ့ မိန်းမဝတ်စုံတွေကိုသူစွန့်လွှတ်ပစ်ခဲ့တာပါ။

အမှန်အတိုင်းဝန်ခံခဲ့တဲ့အချိန်ကအမောင့်မျက်ဝန်းတွေကို သူယခုချိန်ထိမှတ်မိနေဆဲပါ။

မုန်းသည်ဟုထုတ်မပြောခဲ့သော်လည်း စစ်ပွဲ‌ကြောင့်အထိနာခဲ့စဥ်က သူ့အားမမှတ်
မိစွာယောင်ဝါးဝါးဖြင့်သာကြည့်လာတဲ့အမောင့်အကြည့်တွေကတစိမ်းသာသာရယ်

My RosyWhere stories live. Discover now