အပိုင်း (၅)

20 3 0
                                    

Unicode ver

ယောကျာ်းလေးတွေငိုရင် အားနွဲ့တာလားအမောင်?

.....

"ကျုပ်ကဒေါင်းခင်ပါ နယ်အုပ်မင်းကြီး"

ခန္ဓာကိုယ်ထောင်ထောင်မောင်မောင်းဖြင့်
ရင်အုပ်ကျယ်ကျယ်၊တောသားထုံးစံအသားခပ်ညိုညိုဖြင့် လူငယ်မှာ နယ်အုပ်မင်းနဲ့လွင်ပြင့်ကိုပျူပျူငှာငှာဖြင့်သူ့ကိုယ်သူမိတ်ဆက်လေသည်။

သန့်သန့်ပြန့်ပြန့်ဖြင့် သေသေသပ်သပ်ဝတ်ဆင်ထားကာ အလုပ်သမားခေါင်းဆောင်ပီသသော အသံဩဇာဖြင့်
ရုပ်ရည်မှာလည်း ယောကျာ်းပီပီသသကြည့်ကောင်းပါ၏။

နယ်အုပ်မင်းနှင့်ယှဉ်လျှင် မသာတောင်မနိမ့်ကျသော အရပ်အမောင်းနှင့်ယောကျာ်းဆန်တဲ့သူ့ပုံစံက တကယ့်ကိုတောသားလူချောဟုပင်သတ်မှတ်ရအောင်ပင်

"မောင်ရင်တို့ဆီရောက်လာတာမနေ့ကတိုင်ကြားတဲ့ကိစ္စအတွက် အမေးအမြန်း
လေးအနည်းငယ်လုပ်ချင်လို့ ရနိုင်မလား"

ဒေါင်းခင်က ကိုယ်ကိုရွံ့ကာ အက်ဒမ်ရဲ့စကားကိုခေါင်းညိတ်ရင်း

"ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ ကျုပ်လဲအခုတင်အားတာ နယ်အုပ်မင်းကြီး ဒီကိုကြွပါဗျ"

တပည့်များကိုပြင်ခိုင်းတဲ့ခုံတွင် အက်ဒမ်နှင့်
လွင်ပြင့်အားထိုင်စေ၍ သူကိုယ်တိုင်လဲ ဝင်ထိုင်၏။

သုံးဦးကြားရှိနေသော စားပွဲရှည်ပေါ်သို့ လွင်ပြင်က စာရင်းစာအုပ်တချို့ကိုတင်လိုက်ပြီး ကိစ္စရပ်များကိုမှတ်တမ်းတင်ရင်အသင့်ပြင်ထားရ၏။

ပြီလျှင် ဒေါင်းခင်ပြောသောအကြောင်းအရာများကိုမှတ်တမ်းတင်ပြီး အက်ဒမ်၏
ဆုံးဖြတ်ချက်ဖြင့်အမှုကိုသိမ်း၏။

"သဘောတူထားတဲ့နှစ်ပြည့်ပြီဆိုတော့ ပြန်တောင်းတာက သဘာဝကျပါတယ်။ တစ်ဖက်က ချေးငှားသူတွေကလဲ ပေးဖို့အဆင်မပြေဘူးဆိုရင် ဘယ်လဆိုရင်အပြည့်ပေးနိုင်မလဲ ညှိဖို့တော့လိုမယ်။ အဲ့တာကြောင့် အချိန်ကိုညှိပြီး ကိုမင်းတင်ကိုအကြွေးဆပ်ပေးဖို့ လိုအပ်ပါတယ်"

ဒေါင်းခင်က အက်ဒမ်ရဲ့စကားကိုခေါင်းညိတ်လက်ခံ၍

"ဟုတ်ကဲ့ တခြားသူတွေကိုပြောပြလိုက်ပါ့မယ် ကိုမင်းတင်ကိုတော့ လာဖို့လူလွှတ်ထားပါတယ်"

My RosyWhere stories live. Discover now