အခန်း (၁)

140 8 4
                                    

Unicode ver

တောင်ပင်ရွာသို့ရောက်ရှိခြင်း
---------

"အမောင် အမောင် သတိထားပါဦး အမောင်"

အက်ဒမ်၏မျက်ဝန်းထဲ တစ်ချက်တစ်ချက်သာမြင်ရတဲ့ မျက်နှာနုလေးကိုကြည့်ကာ
ခပ်တိုးတိုးသာရေရွတ်လိုက်မိသည်။

"ဘယ်... ဘယ်သူ.."
အစီအလျော်မတည့်သော အသံထွက်တချို့
က အက်ဒမ်ရဲ့နူတ်မှဝဲတဲတဲထွက်ကျလာတော့တယ်။

"အမောင် အားကုန်မှာစိုးလို့ အသံမထွက်နဲ့ဦးနော် ဘကြီးဘိုးထောင်ဆီရောက်ရင် အဆင်ပြေသွားမှာနော် အခုတော့ သတိကပ်
ထားနော်"

ဝိုးတဝါးမြင်ရတဲ့ ထိုကောင်လေးကသူ့အား
စိုးရိမ်တကြီး ပြောကာနှစ်သိမ့်ပေးနေတော့
တယ်။

လူတွေမြင်လျှင်ဖြင့် အင်္ဂလိပ်ဗိုလ်တစ်ယောက်ကို ‌စိတ်ပူနေရတယ်လို့များ ပြော
လေမလား"လို့ပင် အက်ဒမ်တွေးလိုက်မိတယ်။

သူကိုယ်တိုင်က ပုန်ကန်တဲ့ဗမာတွေကိုတိုက်
ခိုက်ရင်းက အခုလိုဒဏ်ရာရခဲ့တာမို့ ကောင်
လေးရဲ့သနားဂရုဏာသက်ကူညီသည်ကိုလိပ်ပြာမလုံစွာခံယူနေရခြင်းပင်။ အခြေအနေမဟန်တာမို့ တပ်ဆုတ်ကြရင်း
ထပ်အလစ်တိုက်ခံခဲ့ရပြီး လက်အောက်ငယ်
သားများသာ လွတ်မြောက်အောင်ကူပေးနိုင်
ခဲ့သည်။ သူကိုယ်တိုင်ကတော့ ရှောင်ရင်းတိမ်းရင်း ထိုကောင်လေး၏လှည်းနှင့်ကြုံခဲ့
ခြင်းသာ

အစက သူ့ကိုရန်ပြုမည်လို့ထင်ခဲ့ပေမယ့်
ရန်မပြုသည့်အပြင် ခပ်ပိန်ပိန်ကိုယ်လုံးလေးနှင့် လှည်းပေါ်ကိုရအောင်သယ်ပြီးဆေးဆရာ
ဆီပို့ဖို့သာတာဆူနေသည့်ကောင်လေကြောင့်
အက်ဒမ်၏ရင်ထဲ အနည်းငယ်နွေးထွေးသွားရသည်။

သူဟာမိဘမဲ့တစ်ယောက်မို့ ယခုလိုမေတ္တာ
မျိုးကိုမခံစားဖူးပေ။  ငယ်စဉ်ကတည်းက
စစ်မြေပြင်တွင်ကြီးပြင်းခဲ့သူမို့ ချစ်ခြင်း
မေတ္တာကိုမသိ။ တစ်ခုခုလိုချင်လျှင်တစ်ခု
ခုကိုပြန်ပေးရတဲ့အရာနှင့်သာရင်းနှီးခဲ့သူ...
ယခုတော့ သူ့လက်ကိုဆုပ်ကိုင်ထားပေးတဲ့ကောင်လေးလက်ရဲ့နွေးထွေးမှုဟာသူ့ရင်ထဲ
ထိပင်နွေးထွေးပါ၏။

My RosyDove le storie prendono vita. Scoprilo ora