အခန်း (၂)

58 5 0
                                    

Unicode ver

လွင်... မင်းကဘယ်သူများလဲကွယ်...

---------

ဈေးသိမ်းပြီးလို့ မောမောနဲ့အိမ်ကိုပြန်လာ
တော့ လမ်းမှနေခြံဝန်းထဲသို့လှမ်းမြင်လိုက်ရ
သည်က ဘကြီးနှင့်အတူစကားပြောနေတဲ့
လူတစ်ယောက်....

ပိတောက်ပင်ရဲ့အောက်တွင် ချထားတဲ့ ကွပ်ပြစ်လေးပေါ်တွင် ဘကြီးနဲ့အတူ ရေနွေးကြမ်းသောက်နေတဲ့ ထိုလူက
ဘကြီးနှင့်စကားလက်စုံကျနေလေရဲ့။

"ဟုတ်ပါတယ် ဘကြီး ကျွန်တော်စစ်မှုထမ်း
လာတာ အနှစ်နှစ်ဆယ်ကျော်ပါပြီ"

"အေးကွယ် နယ်အုပ်မင်းရဲ့အတွေ့အကြုံက
လဲ မသေးလှဘူးပေါ့"

ပါးချိုင့်လေးနှစ်ဖက်က ပါးနှစ်ဖက်တွင်
ထင်းကာ ပြုံးရယ်လိုက်သည်က လွင်ပြင့်
အချိန်နာရီတွေ ခဏတာရပ်တန့်သွားသလိုပင်ခံစားရသည်အထိ ချောမောနေပါ၏။

ပုဆိုးအပြာနဲ့ လည်ကတုံးအကျီဖြူကိုဝတ်ထားသည့် ထိုလူမှာ အခြားသူတော့မဟုတ် မြို့က ပြောင်းလာတဲ့ နယ်အုပ်မင်း သို့မဟုတ် ....

"အ... အမောင်?"

လွင်ပြင်ကိုယ်တိုင်မိဘတွေကိုပုန်ကန်ခဲ့ရ
တဲ့အကြောင်းရင်းလေးတစ်ခုဖြစ်တဲ့
လွင်ပြင့်အမောင်ပါလေ

"ဒါ ဒါဆို နယ်အုပ်မင်းက အမောင်ပေါ့"
လွင်ပြင်မှာ ဈေးကပြန်အရောက် ခြံထဲတွင်
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပျော်မိသလို
တစ်ဖက်မှာလဲ အတိတ်ကအကြောင်းတစ်ခု
ကြောင့် အမောင့်ကိုလည်းမခေါ်ရဲ။ အပြစ်လုပ်ခဲ့သူက သူမို့... အမောင့်ကို ဘယ်လိုမျက်
နှာနဲ့ ရင်ဆိုင်ဝံ့ပါ့မလဲ။

အဲ့အချိန်ကသာ အခုလိုသိခဲ့ရင် သူ ထိုလမ်း
ကိုရွေးချယ်ခဲ့မည်မဟုတ်။

နာကျင်နေတဲ့ နှလုံးသားတည်ရာကိုဖိနှိပ်ထား
ရင်း မျက်ရည်ကျလုမတက် လွင်ပြင်အရင်ချိန်များကို တမ်းတမ်းတတ လွမ်းဆွတ်မိသွားရလေသည်။

သူနဲ့အမောင့်အပေါ်မှာ ရက်စက်လွန်းတဲ့ ကံကြမ္မာကိုအပြစ်တင်ရမလား၊ ရွေးချယ်
မှုမှားခဲ့တဲ့ ကိုယ့်ကိုကိုယ် အပြစ်ပုံချရမလား
မသိအောင် ခံစားခဲ့ရတဲ့ညတွေကို အခုလက်ရှိလိုလို ပြန်ခံစားနေရတော့သည်။

My RosyDonde viven las historias. Descúbrelo ahora